လူ၊ လူ့ပယောဂ နဲ့ အနာဂတ်ရေး

လူ့ပယောဂလို့ ပြောတဲ့နေရာမှာ ထပ်မံခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ လူလို့ ပြောတာဟာ ခြုံငုံပြီး ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ လူဆိုတဲ့နေရာမှာ ဘယ်လိုလူလဲလို့ ထပ်မေးစရာ ရှိပါတယ်။ အမေးရှိရင် အဖြေပေါ်လာရ ပါတယ်။ လူဆိုတာ မြန်မာနိုင်ငံအတွင်းက လူ။ မြန်မာနိုင်ငံအတွင်းက လူတွေက အများကြီးပဲ။ ဒါတွေကို ထပ်ခွဲခြားရင် အလွှာလိုက်ပေါ်လာမယ်။ အကန့်လိုက် ပေါ်လာမယ်။ အလျားလိုက်ပေါ်လာမယ်။ အစုလိုက် အကွက်လိုက်...

မြန်မာသစ် ၊ မြန်မာဟောင်း

ခေတ်သည် ရွေ့လာသည်။ ခေတ်သည် ပြောင်းလာသည်။ ရွေ့ခြင်း၊ ပြောင်းခြင်း၏ နောက်ကွယ်တွင် အသစ် အဟောင်း၏ အားပြိုင်မှုကို တွေ့ရသည်။ အသစ်သည် ဘာလဲ။ အဟောင်းသည် ဘယ်လိုလဲ။ အဟောင်းနှင့် အသစ်ကို ပုံဖော်ကြည့်ရန် လိုသည်။ အသစ်သည် ဘယ်လောက် သစ်နိုင်ပြီလဲ။ အဟောင်းသည် ဘယ်လောက် ဟောင်းသွားပြီလဲ။ သမိုင်း သမိုင်းကို ပြန်ကြည့်လျှင်၊ မြန်မာသည် ခေတ်အမျိုးမျိုး...

အသစ်အဟောင်း ကိစ္စ

အသစ်အဟောင်းကိစ္စသည် အပြောင်းအလဲကိစ္စဖြစ်သည်။ အပြောင်းအလဲကာလတွင်၊ အသစ်အဟောင်း ကိစ္စ ပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား ပြဿနာပေါ်လာသည်။ အသစ်နှင့်အဟောင်းအကြား တိုးတိုက်မှု ပေါ်လာသည်။ အသစ်နှစ်အဟောင်းအကြာင်း ပဋိပက္ခပေါ်လာသည်။ အစားထိုးဝင်ရောက်လာသော အသစ်နှင့် တည်ဆဲအဟောင်းအကြား ဝေခွဲရခက်လာသည်။ ဝေခွဲရ ကြပ်လာသည်။ အသစ်ကို ရွေးမည်လော။ အဟောင်း ကို ဆက်လက်ကိုင်ဆွဲမည်လော။ အသစ်အဟောင်းကိစ္စသည် တရားသေအဖြေမရှိ။ အသစ်အားလုံးသည် မကောင်း။ ထိုနည်းလည်းကောင်း အဟောင်းအားလုံးသည်လည်း...

ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား မဖြစ်ထွန်းရခြင်း အကြောင်းအရင်းများ

နိုင်ငံရေးသမားလို့ ပြောရင်၊ လူ့အသိုင်းအဝိုင်းက နှုတ်ခေါင်းရှုံ့ချင်ကြသည်။ အကြောင်းမှာ နိုင်ငံရေးသည် အညစ်အထေးလို့ မြင်လို့ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးလို့ ပြောရင် မျက်လုံးပြူးကြသည်။ နိုင်ငံရေးသည် ကြောက်စရာလို့ မြင်လို့ ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးဟုပြောလျှင် မျက်နှာလွှဲသွားကြသည်။ နိုင်ငံရေး သည် ကိုယ်နှင့်မဆိုင်ဟု တွက်ချက်ပုံရသည်။ လူ့အသိုင်းအဝိုင်းက နိုင်ငံရေးအပေါ် မြင်ပုံ အမျိုးမျိုးရှိသည်။ နိုင်ငံရေးဆိုသည်မှာလည်း မျက်နှာစာပေါင်းစုံ ရှိနေသည်သာ။...

အရေးတော်ပုံ နှစ် ၃၀ ပြည့်ပြီ။

၁၉၈၈ မှာ မွေးဖွားခဲ့တဲ့ တော်လှန်ရေး။ ဘယ်တော့များမှ ဆုံးမှာလဲ… လို့ မျှော်မိတယ်။ တကယ်တော့ တော်လှန်ရေးကို ပြီးဆုံးချင်နေပြီ။ တော်လှန်တာတွေကို ရပ်စေချင်နေပြီ။ ကြွင်းကျန်ရစ်တာတွေလည်း ကုန်စေ ချင်ပြီ။ တော်လှန်ရေးက မပြီးသေးရင်၊ တည်ဆောက်ရေးက ဘယ်တော့များမှ ရောက်ပါ့မလဲလို့ မချင့်မရဲဖြစ်မိ တယ်။ ကျနော်တို့ မျိုးဆက်ကို တော်လှန်ရေးမှာ စုံးစုံးမြုပ်မယ့် မျိုးဆက် မဖြစ်ချင်ဘူး။ တည်ဆောက်ရေးမှာ...