အကုသိုလ်ကောင် အဖြစ်မခံနဲ့ 

လူ့ကံကြမ္မာကို ပြဋ္ဌာန်းတဲ့နေရာမှာ – ဗီဇနဲ့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုက အတော်ကြီးတယ်။ အသက်အရွယ် ပိုကြီးပြင်းလာလေလေ၊ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို ပိုခံလာရလေလေ။ လူတွေကြားထဲ တိုးဝင်မှုများလာလေလေ ပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုကို ကိုယ်က ပိုခံရလာလေလေပဲ။ တခါတရံ ကိုယ့်ဘဝကံကြမ္မာကို ပြဋ္ဌာန်းတာဟာ ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့အရာတွေက ပုံဖော်နေတာပါ။ ဒီနေ့ဒီအချိန်အခါမှာ ပတ်ဝန်းကျင်ကောင်းကို ကျနော်တို့ ရမထားဘူး။ ခေတ်ဆိုး ခေတ်ပျက်...

ခင်ဗျား စကားပြောတတ်ရဲ့လား

“ခင်ဗျားစကားပြောတတ်ရဲ့လား” လို့ မေးလိုက်တော့၊ အူကြောင်ကြောင် ဖြစ်သွားအုံးမယ်။ အူကြောင်ကြောင်လည်း မဖြစ်နဲ့၊ အောင်ကြူကြူလည်း မဖြစ်ပါနဲ့။ တကယ်မေးနေတာပါ။ ခင်ဗျား စကားပြောတတ်ရဲ့လား….။  တစ်သက်လုံး ပြောနေပေမယ့် မတတ်တာဟာ စကား…တဲ့။ ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်း လူပေါင်းစုံနဲ့ စကားပေါင်းစုံပြောနေပေမယ့် တကယ်စကားပြောတတ်သူကို ရေတွက်ကြည့်ရင် သိပ်ရှားတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ သိပ်ရှားတယ်။ လူတွေဟာ ချစ်တယ်ဆိုတဲ့ စကားကို ခဏ...

နှစ်လိုဖွယ်ဖြစ်ရဲ့လား 

တချို့ ကြုံဖူးကြမှာပါ။ အဲသည့်လူတစ်ယောက်နဲ့ တွေ့ရ ဆုံရတဲ့အခါမှာ ပျော်ရတယ်၊ ရွှင်ရတယ်၊ ကျေနပ်ရတယ်၊ အားရစရာလည်းကောင်းတယ်၊ နောက်ထပ် ဆုံချင်တွေ့ချင်စိတ်လည်း ဖြစ်တယ်။ နောက်ထပ် ဆုံတွေ့တိုင်းလည်း လှိုက်လှိုက်လှဲလှဲဖြစ်တယ်၊ ရင်းရင်းနှီးနှီးဖြစ်တယ်၊ သက်သောင့်သက်သာဖြစ်တယ်၊ စိတ်မှာလည်း ကြည်နူးကျေနပ်ဖွယ်ရာကောင်းတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူတစ်ယောက်ယောက်နဲ့ ဆုံဖူး ကြုံဖူးကြမှာပါ။ သို့မဟုတ် ကိုယ်ကိုယ်တိုင်က ဒီလိုဖြစ်တယ်လို့ ကိုယ့် သူငယ်ချင်း မိတ်ဆွေ တချို့ရဲ့...

ငါတို့ ချမ်းသာတယ်

ငါတို့မှာ ပေါနေတာ အကြံတွေပဲ။ အလုပ်လုပ်မယ့်သူတွေတော့ မပေါဘူး။ လုပ်ချင်သူစိတ်ရှိသူအဖို့၊ လုပ်ရမယ့် အလုပ်တွေက ရှိပါတယ်။ ဒါပေမယ့် ဘာတွေ လုပ်ရမလဲဆိုတာကို လူတွေ မကြည့်တာ ခက်တယ်။ မကြည့်တော့ မမြင်ဘူး။ မြင်ရင်လည်း မမြင်ချင်ယောင်ဆောင်တယ်။ မမြင်ချင်ယောင်ဆောင်တာ ကောင်းတယ်။ မမြင်ဘူး ဆိုတော့ မလုပ်ရတော့ဘူးပေါ့။ အိပ်ချင်ယောင်ဆောင်တဲ့သူက အနိုးရခက်တယ်လေ။ ငါတို့ မနိုးတာမဟုတ်ပါဘူး။ အိပ်ချင်ယောင်ဆောင်နေကြတာပါ။ သိပ်မပင်ပန်း၊...