အရေးပါ အရာရောက်ချင်သူတွေ

အင်ဒီရာဂန္ဒီ ပြောတဲ့စကားလေးတစ်ခု သွားသတိရတယ်။ “လူနှစ်မျိုးရှိတယ်။ အလုပ်လုပ်တဲ့လူတွေနဲ့ အမှတ်ယူ တဲ့လူတွေ။ ပထမအမျိုးအစားထဲမှာ ပါပါစေ။ အဲဒီမှာ အပြိုင်အဆိုင် သိပ်မရှိဘူး” တဲ့။ စကားက သိပ်ရိုးရှင်းပါတယ်။ နေရာတိုင်း၊ ဌာနတိုင်း၊ နယ်ပယ်တိုင်း၊ အခြေအနေတိုင်း၊ အချိန်အခါတိုင်းမှာ တွေ့လေ့တွေ့ထရှိတဲ့ လူ့စရိုက် တချို့ ဖြစ်ပါတယ်။ ကျနော်ကတော့ ဖြန့်ကျက်တွေးမိတယ်။ အလုပ်လုပ်တဲ့လူတွေနဲ့ အမှတ်ယူတဲ့လူတွေ…တဲ့။ ဘယ်သူတွေ အလုပ်လုပ်နေသလဲ။ဘယ်သူတွေ...

ငါတို့ ချမ်းသာတယ်

ငါတို့မှာ ပေါနေတာ အကြံတွေပဲ။ အလုပ်လုပ်မယ့်သူတွေတော့ မပေါဘူး။ လုပ်ချင်သူစိတ်ရှိသူအဖို့၊ လုပ်ရမယ့် အလုပ်တွေက ရှိပါတယ်။ ဒါပေမယ့် ဘာတွေ လုပ်ရမလဲဆိုတာကို လူတွေ မကြည့်တာ ခက်တယ်။ မကြည့်တော့ မမြင်ဘူး။ မြင်ရင်လည်း မမြင်ချင်ယောင်ဆောင်တယ်။ မမြင်ချင်ယောင်ဆောင်တာ ကောင်းတယ်။ မမြင်ဘူး ဆိုတော့ မလုပ်ရတော့ဘူးပေါ့။ အိပ်ချင်ယောင်ဆောင်တဲ့သူက အနိုးရခက်တယ်လေ။ ငါတို့ မနိုးတာမဟုတ်ပါဘူး။ အိပ်ချင်ယောင်ဆောင်နေကြတာပါ။ သိပ်မပင်ပန်း၊...