မြန်မာ့အပြောင်းအလဲ

• အပြောင်းအလဲအတွက် လူထုလိုသည်။ • ပြောင်းလဲချိန်တန်ပြီ။ • အပြောင်းအလဲ။ ပြောင်းလဲခြင်း ဂါထာတွေကို အတွင်အတွင်ရေရွတ်ပြီး၊ ဒီမိုကရေစီဆိုတာကို ကြွေးကြော်ခဲ့ကြတယ်။ အနာဂတ် ဟာ ဘယ်ဆီနေမှန်းမသိကြဘူး။ ဒါပေမယ့် မျှော်လင့်ချက် တစ်စုံတရာနဲ့ မဲပေးကြတယ်။ အပြောင်းအလဲကို လူထုမဲဆန္ဒနဲ့ ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ လူထုက ထင်ခဲ့တယ်။ တကယ့်အဖြစ်မှာက အုပ်ချုပ်သူကိုပဲ ပြောင်းနိုင်ခဲ့တယ်။ အခြေအနေကို မပြောင်းနိုင်ခဲ့ဘူး။ အကန့်အသတ်တွေ...

လူ၊ လူ့ပယောဂ နဲ့ အနာဂတ်ရေး

လူ့ပယောဂလို့ ပြောတဲ့နေရာမှာ ထပ်မံခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ လူလို့ ပြောတာဟာ ခြုံငုံပြီး ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ လူဆိုတဲ့နေရာမှာ ဘယ်လိုလူလဲလို့ ထပ်မေးစရာ ရှိပါတယ်။ အမေးရှိရင် အဖြေပေါ်လာရ ပါတယ်။ လူဆိုတာ မြန်မာနိုင်ငံအတွင်းက လူ။ မြန်မာနိုင်ငံအတွင်းက လူတွေက အများကြီးပဲ။ ဒါတွေကို ထပ်ခွဲခြားရင် အလွှာလိုက်ပေါ်လာမယ်။ အကန့်လိုက် ပေါ်လာမယ်။ အလျားလိုက်ပေါ်လာမယ်။ အစုလိုက် အကွက်လိုက်...

လူ့အဖွဲ့အစည်းနဲ့ လူ့ပယောဂ

ဝေါဟာရပုဒ်ခွဲ မတူကွဲပြားတယ်လို့ ပြောနေတဲ့ လူ့အဖွဲ့အစည်းကို မြန်မာပြည်မှာတွေ့ရပါတယ်။ ဒီနေရာမှာ ဝေါဟာရပုဒ်ခွဲ နှစ်ခုတွေ့ရပါတယ်။ မတူခြင်း နဲ့ ကွဲပြားခြင်း ဆိုတဲ့ စကားလုံး နှစ်လုံးဖြစ်ပါတယ်။ မတူခြင်းကို ဆန်းစစ်ကြည့် ရအောင်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဓလေ့စရိုက်၊ ဘယ်သမိုင်းကြောင်း၊ ဘယ်နယ်မြေ အနေအထားက ထပ်တူကျနေပါသလဲ။ ထပ်တူကျတယ်ဆိုတာ ရှိပါသလား။ နိုင်ငံနဲ့ချီပြီး စဉ်းစားကြည့်ပါ။ မရှိနိုင်ပါဘူး။...

မြန်မာသစ် ၊ မြန်မာဟောင်း

ခေတ်သည် ရွေ့လာသည်။ ခေတ်သည် ပြောင်းလာသည်။ ရွေ့ခြင်း၊ ပြောင်းခြင်း၏ နောက်ကွယ်တွင် အသစ် အဟောင်း၏ အားပြိုင်မှုကို တွေ့ရသည်။ အသစ်သည် ဘာလဲ။ အဟောင်းသည် ဘယ်လိုလဲ။ အဟောင်းနှင့် အသစ်ကို ပုံဖော်ကြည့်ရန် လိုသည်။ အသစ်သည် ဘယ်လောက် သစ်နိုင်ပြီလဲ။ အဟောင်းသည် ဘယ်လောက် ဟောင်းသွားပြီလဲ။ သမိုင်း သမိုင်းကို ပြန်ကြည့်လျှင်၊ မြန်မာသည် ခေတ်အမျိုးမျိုး...