အနီရောင် ကြက်ခြေခတ်

ကျနော် အမှားတွေကို မကြောက်ပါဘူး။ ဒါပေမယ့် ကျနော် အမှားတွေကိုလည်း မကြိုဆိုပါဘူး။ အမှားတွေနဲ့ ပတ်သက်ရင် ကျနော်တို့ဟာ စိုးရိမ်ချက် ကိုယ်စီရှိကြတယ်။ မမှားခင်ကလည်း အမှားဖြစ်မှာကြောင့် စိုးရိမ် ကြောင့်ကြကြတယ်။ ထိုနည်းလည်းကောင်းပဲ…. မှားနေရင်လည်း အမှားကြောင့်ပဲ ပူပန်နေရတယ်။ မှားပြီးသွား ရင်လည်း မှားခဲ့တာကြောင့် နောင်တရကြတာပါပဲ။ ဒါ့ကြောင့် အမှားဆိုတာကို ကျနော်တို့တော်တော်များများ ဟာ ကြားလိုက်ရင် ခြောက်ခြားနေကြတယ်။...

ရေစက်

ဘယ်လိုလူဟာ နှစ်လိုဖွယ်ရာဖြစ်သလဲ။ လူတစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့် ဓာတ်ခံနဲ့ ဘယ်လိုလူက ငြိသလဲဆိုတာ စိတ်ထဲက သိနေပါတယ်။ ခံစားမိနေတယ်။ သူနဲ့ ပေါင်းသင်းဆက်ဆံရ တာ၊ သူနဲ့အလုပ်အတူတူ လုပ်ရတာ၊ သူနဲ့ သွားလာရတာ၊ သူနဲ့ ပြောဆိုရတာ၊ သူနဲ့ ပူးတွဲရတာ… စတာတွေ ဟာ နှစ်လိုဖွယ်ရာဖြစ်တယ်ဆိုတာ ဘာ့ကြောင့်လဲ။ သူနဲ့ အပေးအယူတည့်နေတယ်။ သူနဲ့ ကိုယ်နဲ့အကြားမှာ...

အသုံးဝင်မှုတန်ဖိုး

လုပ်ငန်းခွင်ထဲရောက်လာလေလေ၊ လူ့လောကထဲ တိုးဝင်မိလေလေ ကျနော် အမြဲတမ်းလိုလို သတိထား စဉ်းစားမိနေတဲ့စကားလုံးတစ်ခုရှိပါတယ်။ အဲဒါကတော့ အသုံးဝင်မှု တန်ဖိုး ဆိုတဲ့စကားလုံးဖြစ်ပါတယ်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝမှာ လွှမ်းမိုးခဲ့တဲ့ စကားလုံး (၂) လုံး ရှိပါတယ်။ အဲဒီ့စကားလုံးနှစ်လုံးက ဘာလဲ ဆိုတော့ အသိဉာဏ်ပညာဆိုတဲ့ စကားလုံးနဲ့ တန်ဖိုးဆိုတဲ့စကားလုံး နှစ်ခုဖြစ်ပါတယ်။ အခုလောကထဲကို တိုးဝင်ပြီး လူတွေနဲ့ပေါင်းဖက် အလုပ်တွေ လုပ်လာလေလေ၊...

အဖိုးကြီး

ဘာလို့ အဖိုးကြီးလို့ ခေါ်သလဲ။ တန်ဖိုးကြီးလို့ အဖိုးကြီးလို့ ခေါ်ခြင်းဖြစ်သည်။ တန်ဖိုးကြီးခြင်း၏ အကြောင်းများ၊ များရှိသည်။ • ပညာနှင့် အတွေ့အကြုံ။ • အတွေ့အကြုံနှင့် ဖြတ်သန်းမှုက ရသည့် ပညာ။ • ဘဝနှင့် ရင်းပြီး ရခဲ့သော ဒဿနများ။ • မတူသော ခေတ်စနစ်၊ အခြေအနေမှ ဒုက္ခများ။ ခလုတ်ကသင်းများ။။ လေ့လာသင်ယူ၍ မရနိုင်သော၊...