အဟောသိကံ မဖြစ်ပါဘူး

ကျနော် ကြိုးစားအားထုတ်သမျှသော အရာတွေနဲ့ပတ်သက်ရင်၊ ကျနော် အမြဲတမ်းလိုလို နှလုံးသွင်းပြီးလုပ်လေ့ ရှိတဲ့ အကျင့်လေး တစ်ခုရှိတယ်။ အဲဒါကတော့ — “ငါ အားထုတ်သမျှအရာတွေက အဟောသိကံတော့ ဖြစ်သွားမှာ မဟုတ်ဘူး” ဆိုတဲ့ အချက်ပါပဲ။ ငါအားထုတ်သမျှ ငါ လုပ်ကိုင်သမျှအရာတွေဟာ တနည်းနည်းနဲ့ တော့ အကျိုးပေးလိမ့်မယ်လို့ ကျနော့်မှာ ယုံကြည်ထက်သန်တဲ့စိတ်ရှိပါတယ်။ အထူးသဖြင့် ကောင်းသော အကြောင်းတရားတွေကို လုပ်တဲ့အခါ၊...

ပုံပြောတဲ့ အကောင် 

စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် သူ့မှာ မဖြစ်မနေ ပါလာရမယ့် ဉာဉ် တစ်ခု ရှိတယ်။ စာရေးဆရာမှ မဟုတ်ပါဘူး၊ အနုပညာသမားတိုင်းလိုလိုမှာ ဒီဉာဉ်လေးက ပါလာတယ်လို့ ထင်တယ်။ အဲဒါကတော့ storyteller လို့ ခေါ်တဲ့ ပုံပြင်ပြောတတ်စရိုက်ဉာဉ် လို့ ပြောချင်တယ်။ ဒီနေရာမှာ အရပ်သုံးစကားဖြစ်တဲ့ “ဒီကောင် ငါ့ကို ပုံပြင်ပြောသွားပြီ” ဆိုတဲ့ အသုံးနဲ့တော့ ထပ်တူ မပြုစေချင်ဘူး။ အဲဒါ...

ကျနော့် ဘဝကို ပြောင်းလဲစေခဲ့ဖူးတဲ့ စာအုပ် တစ်အုပ် 

ဆယ်ကျော်သက်ဘဝမှာ ကိုယ့်နံဘေးကအရာတွေရဲ့ တန်ဖိုးကို မြင်အောင် ပြပေးခဲ့တဲ့ စာအုပ်လေး တစ်အုပ်ရှိတယ်။ စာအုပ်ကလေးကတော့ ခပ်ပါးပါးပါပဲ။ လူအတော်များများ ဖတ်ခဲ့ဖူးလိမ့်မယ်။ မူရင်းက – ရပ်ဆယ်ကွန်းဝဲလ်ရေးတာ။ ဘာသာပြန်သူက ဆရာ ဖေမြင့်။ စာအုပ်နာမည်က စိန်မြေဧကပေါင်းများစွာ…တဲ့။ ဒီစာအုပ်ပါးပါးလေးက ဘဝမှာ အတော်လွှမ်းမိုးမှု အားကြီးခဲ့ပါတယ်။  ကျနော်တို့တတွေဟာ ကိုယ့်နံဘေးက အရာတွေကို ကျော်ကျော်မြင်တတ်လေ့ရှိတယ်။ ကိုယ့်နံဘေးမှာ ရှိတဲ့အရာတွေရဲ့ တန်ဖိုးကို...

ဝါသနာကို လိုက်ပါ

ဟျောင့်…. မင်း ဘာအလုပ်မှ မလုပ်ဘဲနဲ့ ပိုက်ဆံမရချင်ဘူးလား….. ဘာလုပ်ရမလဲ အလုပ်ဆိုတာ အဲဒါပဲ…. အဲတော့ မင်းပိုက်ဆံရချင်ရင် မင်း ဝါသနာပါတာ သင်လိုက်…  အဲတော့ မင်းဝါသနာနဲ့ လုပ်ရမယ်… အဲဒါဆိုရင် မင်း အလုပ် မဟုတ်တော့ဘူး…. အလုပ်မလုပ်ဘဲနဲ့ ပိုက်ဆံရတဲ့ကောင်ဖြစ်သွားမယ်….. ဒီစကားတွေဟာ – ဆရာဝင်းဖေ ပြန်ပြောပြတဲ့ မော်ဒန်ဝါဒအကြောင်း အင်တာဗျူးထဲက ကောက်နုတ်ချက် တချို့...

စာဂျပိုး ဘဝ 

ကျနော် စာဂျပိုး လုံးလုံးဖြစ်နေတဲ့ အရွယ်တုန်းက၊ ကြုံခဲ့ရတဲ့ အဖြစ်အပျက် တချို့ ရှိတယ်။ မင်း ဒီစာအုပ်တွေ ဖတ်လို့ ဘာရမှာလဲ…. လို့ ခဏ ခဏ အငေါ်တူးခံရဖူးတယ်။ စာအုပ်တွေ သဲကြီးမဲကြီး ဖတ်နေလို့ ဘာဖြစ်လာမှာလဲ… လို့ ခဏ ခဏ အထေ့အငေါ့ခံခဲ့ရဖူးတယ်။ ဘယ်သူတွေ ကျနော့်ကို ထေ့သလဲ ငေါ့သလဲဆိုတာကို မှတ်မိပေမယ့် မပြောလိုပါ။...

ကလျာဏမိတ္တ စာအုပ်

ငယ်စဉ်ဘဝတုန်းက၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့ စကားကို ခဏ ခဏ ကြားခဲ့ရဖူးတယ်။ ဆက်ကျော်သက် ဘဝမှာ ကိုယ်တိုင် စာဂျပိုး စစ်စစ် ဖြစ်လာတယ်။ ဒီတော့ စာအုပ်တွေ လျှောက်ဖတ်တယ်။ ရတတ်သမျှ စာအုပ် စာစောင်က ကိုယ်နဲ့ လွတ်တာ မရှိသလောက်။ ဒီလိုနဲ့ ဖတ်ပါများလာရင်း စာအုပ်တွေ အကြောင်း နည်းနည်း သိလာတယ်။ လူ့အကြောင်း...

မဟာဂန္ဓာရုံဆရာတော်၏ သွန်သင်ချက်

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသထံမှ ရသော ဘဝဒဿန  ကျနော်ဟာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ အပေါ်မှာ၊ ပုဂ္ဂိုလ်ရေးအားဖြင့် တိမ်းညွှတ် လေးစားသူ ဖြစ်ပါတယ်။ ကျနော်ဟာ စာတွေ ရေးတိုင်း၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ နဲ့ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိကရဲ့ စာပေတွေကို ခဏ ခဏ ညွှန်းဆို၊ ကိုးကားတာကို သတိထားမိကြမယ်လို့ မျှော်လင့် တယ်။  မဟာဂန္ဓာရုံဆရာတော်ရဲ့...

မျောမနေကြနဲ့

ဘဝမှာ လုပ်စရာရှိတာတွေနဲ့ လုပ်ချင်တဲ့အလုပ်တွေကို ဖြစ်ဖြစ်မြောက်မြောက်လုပ်ဖို့အတွက် ကျနော် အမြဲ သတိရှိနေတဲ့ စကားလေး တစ်ခွန်း ရှိတယ်။  ကိုယ်လုပ်ရမယ့်အလုပ်တွေအတွက် လိုအပ်တဲ့ အသိ၊ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို မပြတ် ဖြည့်တင်းနေခြင်း… ဆိုတဲ့ စကားဖြစ်ပါတယ်။  လူဟာ ကိုယ်လုပ်နေတဲ့အလုပ်ဟာ အလုံးစုံ ပြီးပြည့်စုံသွားတယ်လို့ မရှိပါဘူး။ no man is perfect လို့ အရပ်သုံး...

ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ

ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင် ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ လူအဆင့်မှာ မရှိတော့ပါဘူး။ (ဦးဇောတိက၊ လွတ်လပ်သောစိတ်၊ ၂၀၀၆ ၊ စာ ၇၈) လွတ်လပ်သောစိတ် စာအုပ်ဟာ ကျနော့်ဘဝရဲ့ ရာခိုင်နှုန်းအတော်များများကို လွှမ်းမိုးပြုပြင်ခဲ့တဲ့ စာအုပ်ဖြစ်ပါ တယ်။ လွတ်လပ်မှုနဲ့ ဆက်စပ်တွေးခေါ်ရတဲ့ ရွေးချယ်ခွင့်ဆိုတာကို ကျနော် ရှာဖွေခဲ့တယ်။ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း…တဲ့။ရွေးချယ်တာကို မလုပ်ရင်….တဲ့။လူ့အဆင့်မှာ မရှိတော့ဘူး….တဲ့။...

ဒီလိုလူ

ကိုယ့်ကိုယ်ကို ကိုယ် တကယ်ယုံကြည်နိုင်တဲ့သူ၊ လေးစားနိုင်တဲ့သူ၊ အားကိုးနိုင်တဲ့သူ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့သူ ဖြစ်ဖို့ - ကောင်းတာတွေကို ကိုယ့်သဘောနဲ့ ကိုယ် လွတ်လွတ်လပ်လပ် ရွေးချယ်ပြီးတော့ ကိုယ့်ရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကိုယ့်ဟာကိုယ် ကြိုးစားပြီးတော့ အားထုတ်ပြီးတော့ ကိုယ့်ဘဝမှာ ကောင်းတာတွေ များများ ဖြစ်လာအောင် လုပ်နိုင်တဲ့သူ ဖြစ်နိုင်ရမယ်။ (ဦးဇောတိက၊ တွေးမိတိုင်းပျော်တယ်၊ ၂၀၀၇...