▄ အချောင်စားတွေ

ပါမောက္ခချုပ်ဆရာတော်ကြီး ဟောတဲ့တရား နားထောင်ဖြစ်တယ်။ အဲသည့်အထဲမှာ၊ လူ့ပြည်ဆိုတာ ဝီရိယဘုံ…တဲ့။ နောက် ရှိသေးတယ်။ လူ့ပြည်ဆိုတာ - နတ်ပြည်နဲ့ ငရဲပြည်ဆက်ထားတဲ့ ဘုံ…တဲ့။ • နတ်ပြည်နဲ့ ဆက်နေတာဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ချမ်းသာသုခဆိုတာ ရှိတယ်။• ငရဲပြည်နဲ့ ဆက်ထားတာ ဖြစ်ခြင်းကြောင့် လူ့ဘုံမှာ ဆင်းရဲဒုက္ခဆိုတာ ရှိတယ်။• လူ့ဘုံဆိုတာ ဆင်းရဲချမ်းသာ ရောထွေးနေတဲ့ ဘုံပဲ။ တခါတရံ...

မြန်မာတွေ အမှတ်သည်းခြေရှိတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား

• မြန်မာပြည်က အာဏာရှင်တွေရဲ့ နိဂုံးကို ပြန်ပြောင်းကြည့်မိပါတယ်။ အထူးသဖြင့်…. ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေ တို့ အကြောင်း။ •(၁) မြန်မာတွေရဲ့စရိုက်က ခံပြင်းစိတ်၊ အတေးအမှတ်ကြီးတဲ့စရိုက်၊ မခံချင်စိတ်၊ အမှတ်သညာကြီးတဲ့စိတ် အားကြီးတယ်လို့ ထင်ချင်စရာ ရှိပေမယ့်၊ တကယ်တော့ အချိန်ကြာလာရင် အဲသည်လိုမျိုးစိတ်တွေ အားပျော့သွားပြီး ခွင့်လွှတ်နားလည်ပေးတဲ့စိတ်တွေ ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဗမာ့စရိုက်နဲ့ပတ်သက်ပြီး ကျနော် ဆောင်းပါးတွေ...

ဗမာ့နိုင်ငံရေးဓလေ့စစ်တမ်း (၁)

စစ်တမ်းဝေဖန်ချက် ။ ၂၀၂၀ အောက်တိုဘာလမှာ၊ ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းကနေ စစ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ စစ်တမ်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားအမြင်စစ်တမ်းဖြစ်ပါတယ်။ ဗမာအများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ကောက်ခံထားတဲ့ စစ်တမ်းတစ်စောင်ဖြစ်ပါတယ်။ စစ်တမ်း တို့ရဲ့ သဘာဝအရ အကန့်အသတ်တွေ ရှိနေတတ်ပါတယ်။ ထိုနည်းလည်းကောင်း၊ နည်းနာအားဖြင့်၊ လူ့အရင်း အမြစ်အားဖြင့်၊ ဒေသအားဖြင့်၊ နမူနာကောက်ယူတဲ့ စနစ်အားဖြင့် ချို့ယွင်းချက်တွေ...

▄ အတိုက်အခံ နိုင်ငံရေးယဉ်ကျေးမှု

အတိုက်အခံပါတီကောင်း စကားလုံး ဝေါဟာရအတွဲအစပ်ကို စဉ်းစားကြည့်စေချင်ပါတယ်။ “အတိုက်အခံ” “ပါတီကောင်း”။ အတိုက်အခံ ပါတီတိုင်းဟာ မကောင်းပါဘူး။ နောက်မှီးဆွဲပါတီတိုင်းဟာလည်း မကောင်းပါဘူး။ ထိုနည်းလည်းကောင်းပဲ အတိုက်အခံလုပ်တိုင်းကလည်း မကောင်းပါဘူး။ အမြဲတမ်းလိုလို လက်ညှိုးထောင်ခေါင်းငြိမ့်နေတာကလည်း မကောင်းပါဘူး။ ပါတီစုံစနစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ထွန်းလာမှာပါလဲ။ စိတ်ဝင်စားစရာဖြစ်ပါတယ်။ မြန်မာပြည်ဟာ ပါတီစုံစနစ်ကို စလိုက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ဲ ကြုံခဲ့ရတော့၊ ပါတီစုံလွန်းမှာကို ကြောက်နေရ တဲ့အနေအထားဖြစ်ပါတယ်။ အကြောင်းအကျိုး၊ အကန့်အသတ်၊...