ရှုဒေါင့် – အဘိဓမ္မာ

အကြောင်းအရာတစ်ရပ်၊ ဖြစ်ရပ်တစ်ခု၊ ကိစ္စတစ်ခု၊ တစ်စုံတစ်ခု အပေါ်မှာ အကောင်းမြင်မလား။ အဆိုးမြင်မလား။ သို့တည်းမဟုတ်… အရှိတရားကို မြင်အောင်ကြည့်ဖို့ ကြိုးစားမလား။ အခြေခံအားဖြင့် ဒေါင့် (၃) ဒေါင့်ကနေရှုမြင် တဲ့ အကြမ်းဖျင်း၊ ယေဘုယျသဘော။ အလုပ်ဒေါင့်က ကြည့်ပြီး၊ ပြောလို့ ရနိုင်တဲ့ စကားတစ်ခု ရှိတယ်။ အကောင်းမြင်သူဟာ လေယာဉ်တီထွင်တယ်။အဆိုးမြင်သူကတော့ လေထီးတီထွင်တယ်။ မြေပေါ်လမ်းလျှောက်နေတဲ့လူတွေ၊ ငှက်တွေလို မိုးပေါ်ပျံဝဲနိုင်ရင်...

တိုင်းပြည်တည်ဆောက်ရေး နည်းသစ်

• တကယ်တော့ နည်းသစ်လို့တောင် ပြောလို့ မရပါ။ နည်းဟောင်းဖြစ်ပါတယ်။ ဒါပေမယ့် လူတွေ သိပ် ဂရုမမူ သတိမထား အပြော မများကြပါ။ တိုင်းပြည်တည်ဆောက်ရေးကို ပဋိညာဉ်တွေ၊ စာချုပ်တွေ၊ ကတိကဝတ်တွေ၊ သဘောတူညီမှုတွေနဲ့ နိုင်ငံရေးနည်းအားဖြင့် လုပ်ကြတာကလည်း တစ်ပိုင်း ဖြစ်ပါတယ်။ ကျန်တဲ့တစ်ပိုင်းကတော့ နိုင်ငံရေးအရ မစွမ်းနိုင်မယ့် တိုင်းပြည်တည်ဆောက်ရေးကို ယဉ်ကျေးမှုအနုပညာအရ စွမ်းဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ အမာနည်းအားဖြင့်...

▄ မိုက်ရှုးရဲစိတ်ကလေး

တခါတရံ ကြီးကျယ်သော တစ်ဆစ်ချိုးအပြောင်းအလဲများအတွက်၊ တွန့်ဆုတ်မှုများဖြစ်နေတတ်ပါသည်။ ဆင်ခြင်တုံတရားကို ဦးစားပေးထားပါလျက်၊ မဖြစ်မနေ လုပ်ရမယ်မှန်းသိပါလျက်၊ သို့လောသို့လောဖြင့် တွန့် ဆုတ်မှုများဖြစ်နေတတ်ပါသည်။ သို့အတွက် မိုက်ရူးရဲစိတ်နှင့် တစ်ဇောက်ကန်းစိတ်ကလေးကို ခဏတာ နေရာ ပေးလိုက်စေချင်ပါသည်။ ခက်ခဲသောရွေးချယ်မှုများအကြား အကျပ်အတည်းမှ လွတ်မြောက်နိုင်စရာ အကြောင်း တရားများသည် ရံဖန်ရံခါ မိုက်ရူးရဲစိတ်ကလေးက ကျော်ဖြတ်နိုင်အောင် စွမ်းနိုင်ပါလိမ့်မည်။ ဘဝမှာ လူတိုင်းလိုလို၊ ခက်ခဲသော ရွေးချယ်မှုများ...

▄ စာရေးကြတဲ့ လူတွေ

တကယ်တော့ စာရေးတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမယ့် စာရေးခြင်းရဲ့ နောက်ကွယ်က စိတ်ဓာတ်ကတော့ အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က ရည်ရွယ်ချက်က အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က စာရေးသူရဲ့ စေတနာဟာ အရေးကြီးလာတယ်။ စိတ်ဓာတ်၊ စေတနာနဲ့ ရည်ရွယ်ချက်။ ဘာ့ကြောင့် စာရေးသလဲ… စာရေးဖြစ်အောင် တွန်းအားပေးတဲ့အရာတွေက ဘာဖြစ်နိုင်ပါသလဲ။ အမျိုးမျိုးဖြစ်နိုင်တယ်။ အများအပြားဖြစ် နိုင်ပါတယ်။ စာဖတ်များလာရင်း၊ စာရေးချင်စိတ်ဖြစ်လို့ စာရေးမိတယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့...

ငါ့မေးခွန်း

ကိုယ့်အကြောင်း ကိုယ်ပြန်သိဖို့ မေးခွန်း (၆) ခု မေးလိုက်တယ်။ • စာပေအပေါ်မှာ ငါ ရိုးသားရဲ့လား။ • စာရေးခြင်းအလုပ်မှာ ငါ တစိုက်မတ်မတ် အားထုတ်ရဲ့လား။ • စာဖတ်ခြင်းနဲ့ ဝမ်းစာအမြဲတမ်း ဖြည့်နေလား။ • လူ့လောကကြီးမှာ မျက်စိကိုဖွင့် နားကိုစွင့်ပြီး မပြတ်စူးစမ်းနေသလား။ • စာပေ ဖြန့်ချိချန်ရစ်ထားမှုမှာ အတ္တပါးရဲ့လား။ • လွတ်လပ်တဲ့စိတ်နဲ့...