လွတ်လပ်ခွင့်မရှိတဲ့ တိုင်းပြည် ပြိုကွဲပါစေ

လွတ်လပ်ခွင့် မရှိတဲ့ မြန်မာပြည် ကြိုက်သလောက် ပဲ့။ကြိုဆိုစွာ လက်ခံမယ်။ ပဲ့တဲ့အပိုင်းတွေ၊ပဲ့တဲ့နယ်မြေတွေကတော့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုတို့ ပါလာရမယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းတွေ ပါလာရမယ်။ လွတ်လပ်ခွင့်နဲ့ တရားမျှတမှု မရှိတဲ့ မြေပုံကို ခွဲပစ်လည်း ထူးပြီး နှမြောစရာ မရှိဘူး။ _______________________________ မြန်မာပြည်ကို ချစ်သလား။ ဒီလို မေးရင် မြန်မာပြည်ကို မချစ်ဘူး။ မြန်မာပြည်ထဲက လူထုကို...

ဒေါ်အောင်ဆန်းစုကြည် နဲ့ လူထုဆက်သွယ်ခွင့်

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိမှာ သူ့ နိုင်ငံရေးအဘိဓမ္မာကို ဟောပြောခွင့်ရရင် ၊ ဘာတွေ ပြောမလဲဆိုတာ သိပ်စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်….___________________________ ⦿ လက်နက်ကိုင်လမ်းစဉ် သိပ်ရေပန်းစားချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည်က အထိန်းသိမ်းခံ ဘဝနဲ့ နေနေရတယ်။ တချိန်တုန်းကတော့ – ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘဝကနေ အိမ်ရှေ့ထွက်ပြီး သူရဲ့ နိုင်ငံရေးအဘိဓမ္မာကို ဟောခွင့်ရခဲ့သေးတယ်။ လောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ယုံကြည်ချက်နဲ့...

⦿ ဒုတိယမျက်နှာ – (ဝတ္ထုတို)

ပြေးလွှားနေတဲ့ ဘီးလုံးတွေကြားမှာ၊ ကျနော်ဟာ ဘီးဂွေတစ်ခုလို။ လေပွေတွေကြားထဲမှာ ကျနော်ဟာ သစ်ရွက်ခြောက်လို။ ခုန်ပေါက်နေတဲ့ ကလပ်ထဲမှာ အနင်းခံရတဲ့ ဖိနပ်လို။ အဲဒါဟာ ဘယ်လို ခံစားရမလဲ ကြည့်။ ကျနော်ကတော့ မခံစားချင်ပါဘူး။ ခံစားချက်မဲ့တာ ကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် စာရေးဆရာတစ်ယောက်ဟာ ခံစားချက်နဲ့ စာတွေကို ရေးတာပဲ။ ကျနော်က ဆောင်းပါးတွေ ရေးတယ်။ သူများတကာတွေက ထင်လိမ့်မယ်။...

⦿ ဒေါ်စုနိုင်ငံရေး ပြန်ပေါ်လာနိုင်သလား

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိနိုင်ငံရေးအခင်းအကျင်းကို အကန့်အသတ်နဲ့ ထိတွေ့ခွင့်ရအောင် စစ်ကောင်စီက အခွင့်ပေးလာလိမ့်မယ်လို့ ယူဆရပါတယ်။ အခု လောလောဆယ် အခြေအနေမှာ၊ စစ်ကောင်စီ စိတ်ဝင်တစားစောင့်ကြည့်နေတာက — ဒေါ်အောင်ဆန်းစုကြည်အပေါ် တော်လှန်ရေးအင်အားစုက ဘယ်လို သဘောထားသလဲဆိုတာကို စောင့်ကြည့်နေဟန်တူတယ်။ ဒီလိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်က အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်အင်အားစုအဖွဲ့တွေအပေါ် ဘယ်လို သဘောထားသလဲဆိုတာကို စစ်ကောင်စီက အလွန်အမင်း သိချင်ဟန်တူတယ်…လို့ ပြောနိုင်တယ်။ ဆွန်ဇူးရဲ့ စစ်ပညာကျမ်းမှာ...

ရက္ခိုင့်တော်လှန်ရေးဗျူဟာ

●───── ๑۩۩๑ ─────● ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိန့်ခွန်းပေါင်းချုပ်စာအုပ်ကို ဖတ်ပြီး၊ ပြောစရာ နည်းနည်း ရှိလာပါတယ်။ အင်တာဗျူးပါ ကောက်နုတ်ချက်တချို့ကို ဖော်ပြရင်း၊ ပြန်လည် အနက်ဖော်တဲ့သဘောလို့ ယူဆနိုင်ပါတယ်။ ◼ ပထမ ကောက်နုတ်ချက်။။ ⦿ “ဒါက သူများဆီက သွားတောင်းတာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ယူတာပဲလေ။ ကျနော်တို့တော့ ကိုယ့်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာ ကိုယ့်လက်ထဲမှာပဲ ထားရတာ...