စာသွင်း ၊ စာထုတ်

စာသင်ပါများရင် လေကုန်တယ်။ စကားပြောပါများရင်လည်း လေကုန်တယ်။ ဟောပြောတာ များရင်လည်း လေကုန်တယ်။ စာရေးပါ များရင် လက်ကုန်တယ်။ လေကုန်ရင်၊ လက်ကုန်ရင်၊ ဖြည့်ဖို့လိုပါတယ်။ မဖြည့်ဘဲ၊ ဆက်ရေးရင်၊ ဆက်ဟောရင် လူတွေက ကိုယ့်ကွယ်ရာမှာ ငပေါကြီးလို့ ဟားလိမ့်မယ်။ အသစ်အသစ် မပေးနိုင်ရင်လည်း၊ လူတွေ ငြီးငွေ့သွားနိုင်တယ်။ ကိုယ့်အပြုအမူနဲ့ ငွေတွေ ရတယ်လို့ လူတွေက မြင်ရင်၊ လုပ်စားသူကြီး...

စာရေးဆရာ

စာရေးဆရာ တစ်ယောက်ဟာ၊ ခိုင်မာတဲ့ စာပေအယူအဆရှိရမယ်။ စွဲစွဲမြဲမြဲ လုပ်တတ်ရမယ်။ ကောက်ရိုးမီးစိတ်နဲ့၊ စာရေးလို့ မရဘူး။ စာတိုပေစ ရေးတတ်ရုံနဲ့ စာရေးဆရာ နာမည် မတပ်သင့်ဘူး။ မူမရှိဘဲ၊ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်နဲ့ စာပေကို ဖန်တီးရင်၊ မရိုးသားရာကျတယ်။ တော်တော်များများက၊ စာရေးတတ်ချင်တယ်။ ဒါပေမယ့်၊ သူတို့က ဖင်မမြဲကြဘူး။ စာရေးဆရာဖြစ်ချင်ရင်၊ ခုံနဲ့ တင်ပါးကို ကော်နဲ့ ကပ်ထားမှရမယ်။ စာရေးဆရာ...