စာရေးတဲ့စိတ်ကို ကျင့်ရမှာ 

စာရေးတဲ့အလုပ်ဟာ စိတ်အလုပ်နော်။ တချို့က စာရေးတယ်ဆိုတာ လက်က ရေးတယ်လို့ ထင်နေတာ။ မဟုတ်ဘူး။ စာရေးတယ်ဆိုတာ စိတ်အလုပ်။ စိတ်က ရေးနေတာ။ စိတ်က တွေးတဲ့အတိုင်း လက်က လိုက်ပါ ရတာ။ စိတ်က စေစားတဲ့အတိုင်း လက်က လိုက်လုပ်ရတာ။ စိတ်က အမိန့်ပေးတဲ့အတိုင်း လက်က နာခံရတာ။ စိတ်က ပုံဖော်တဲ့အတိုင်း လက်က ကပြအသုံးတော်ခံရတာ။  ဆရာ...

အပြောဟန် နဲ့ အရေးဟန် 

(ရေးသူကမှ ဂဃနဏ မသိဘဲ ရေးရင် ဖတ်သူက ရှင်းရှင်းလင်းလင်း ဘယ်သိနိုင်မလဲ)  ပြောဟန်နဲ့ ရေးတဲ့အခါ အားသားချက်တွေ အများကြီး ရှိတယ်။ ဒါကို ဒီအတိုင်းပြောရင် သိပ်မသိဘူး။ ရေးကြည့်မှ သိတယ်။ စာရေးဖူးမှ သိတယ်။ စာကို အရေးဟန်နဲ့လည်း ရေးဖူးမှ၊ စာကို အပြောဟန်နဲ့လည်း ရေးဖူးမှ။ ဒီနှစ်မျိုးစလုံး ရေးဖူးမှ - အဲသည့် ဟန်နှစ်မျိုးရဲ့...

စကားလုံးတွေကို ချစ်လို့

ကျနော် ဘာလို့ စာရေးဆရာဖြစ်လာသလဲဆိုတာကို မေးရင် - စကားလုံးတွေကို ချစ်လို့ပါပဲ လို့ အရိုးဆုံး ဖြေချင် တယ်။ စကားလုံးတွေအပေါ် ကိုယ့်ရဲ့ စွဲလမ်းတပ်မက်မှုကို တဖြည်းဖြည်း သတိထားကြည့်တယ်။ ဝေါဟာရ တစ် လုံး၊ စကားလုံးတစ်ခုကို အမှုမဲ့ အမှတ်မဲ့ မထားဘဲ - ဂရုတစိုက် စဉ်းစားတတ်တဲ့သဘာဝဟာ ကျနော့်ဆီမှာ ကိန်း ဝပ်နေတာ ကြာပြီ။...

ဘယ်လို ရေးမှာလဲ

ရေးတာဟာ ပြောတာပဲ  ပြောတာကို ရေးနိုင်ရင် ဒါဟာ စာရေးတတ်တာပဲ  ရေးတဲ့အခါ ဘယ်လို ပြောမလဲ  ဝေ့မပြောနဲ့  ဝိုက်မပြောနဲ့  ဒဲ့ပြော  အပိုဆာဒါးတွေ မထည့်နဲ့  ဆက်စပ်တာကိုတော့ သိုင်းဝိုင်းပြောတတ်ရမယ် သိုင်းဝိုင်းဆက်စပ်ပြောတာကို အပိုဆာဒါးတွေလို့ မထင်နဲ့  လိုရင် အနက်တူ အဖွင့်တူ အသွင်ကူ ဓာတ်ခံတူ နာမ်တွေ၊ နာမ်စားတွေ၊ နာမဝိသေသနတွေကို စီပြီး၊ စဉ်ပြီး၊ ဆက်ပြီး...

စာမရေးဆရာ

★ စာတွေ အရေးများလာရင်း၊ “နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ အလိုအပ်ဆုံးက ဘာပါလိမ့်” လို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်တယ်။ လိုအပ်တာတွေကတော့ အများကြီးပါပဲ။ နိုင်ငံရေးဆောင်းပါးတွေ ရေးတဲ့အခါ နိုင်ငံရေးအရ အထူအပါးနားလည်ဖို့ လိုတယ်။ သီအိုရီနဲ့ လက်တွေ့ဖြစ်စဉ်အကြားမှာ မျှခြေညှိနိုင်ဖို့ လိုတယ်။ နိုင်ငံရေးအခြေခံသဘောတရား ကြေညက်ဖို့ လိုတယ်။ နေ့စဉ် သတင်းတွေကို စားသုံးတတ်ရမယ်။ သမိုင်းကို နားလည်ရမယ်။ နိုင်ငံတကာဖြစ်ရပ်...

ကျနော် ဘာကြောင့် စာရေးသလဲ

★ ကျနော် ဘာ့ကြောင့် စာရေးသလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးတဲ့အခါ၊ အဖြေတွေ အများကြီး ထွက်လာ တယ်။ အဖြေဆိုတာထက် အကြောင်းပြချက်တွေ အများကြီး ရှိတယ်လို့ ပြောရင် ပိုမှန်မယ်။ အကြောင်းပြချက်တွေ ခပ်များများ ရှိအောင်လည်း ကျနော် ကိုယ်တိုင် ရှာဖွေ တည်ဆောက်ထားတယ်။ “ထောက်ထားတယ်” လို့ ပြောရင် ပိုမှန်မယ်ပေါ့။ ဘာလို့လဲဆိုတော့ …...

“ကိုဝ” နှင့် သူ၏ စာအုပ်

နာမည်အရင်းက “ရဲနိုင်အောင်”။ ကလောင်အမည်က “ကိုဝ”။ ကိုဝဟာ ကျနော်နဲ့ မျိုးဆက်ချင်း ကွာပါတယ်။ “ကိုဝ” က ၈၈ မျိုးဆက်ကျောင်းသားအုပ်စုထဲက။ ကျနော်က ၉၀ မျိုးဆက်လို့ ပြောရမယ့်သူ။ ဆိုလိုတာက “ကိုဝ” တို့ နိုင်ငံရေးလှုပ်ရှားနေတုန်းကာလမှ ကျနော့်ကို မွေးတာ။ ဒီတော့ မျိုးဆက်အားဖြင့် ခြားတယ်၊ ကွာတယ်။ အထူး သဖြင့် ၈၈ မျိုးဆက်အုပ်စုထဲက...

ကလောင်တစ်ချောင်း၏ ရင့်ကျက်မှု

ဆရာ မြသန်းတင့်ဟာ သူရေးသားခဲ့တဲ့ စာပေတွေထဲမှာ၊ သူ့ရဲ့ စာရေးခြင်းဒဿနတွေကို ထည့်သွင်းမြှုပ်နှံရေး သားခဲ့တာကို ကျနော် တွေ့ခဲ့ရပါတယ်။ စာသမားတစ်ယောက်ဟာ စာရေးဆရာတစ်ယောက်မြှုပ်နှံထားတဲ့ ဒဿန တွေကို ရွှေစတွေ ရှာသလို ရှာကြံရတာ နှစ်ခြိုက်လေ့ရှိတယ်။ တခါတရံ ရွှေစတွေ ရှာတာ ဖြစ်ပေမယ့်၊ အမှတ်မထင် စိန်ရိုင်းတုံးတွေ ကောက်ရတတ်တာလည်း ဖြစ်တတ်ပါတယ်။ ဆရာမြသန်းတင့်က စာရေးဆရာတစ်ယောက်ရဲ့ ရင့်ကျက်မှုအကြောင်းကို ပြောခဲ့ဖူးတယ်။...

ဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ

ဆောင်းပါးတစ်ပုဒ်ရေးတဲ့အခါ၊ လူနှစ်ယောက်၊ ထီးတစ်လက်ပါရမယ်လို့ ပြောချင်ပါတယ်။ ဒါက ဥပမာပေးတာပါ။ ပထမ လူတစ်ယောက်ကတော့၊ အချက်အလက်ဖြစ်ပါတယ်။ အချက်အလက်ကို အကြောင်းရပ်လို့လည်း မြင်နိုင်ပါ တယ်။ အကြောင်းအရာတစ်ခုခုကို ရေးဖို့အတွက်၊ အဲသည့်အကြောင်းအရာကို ညွှန်းဆိုနိုင်တဲ့ ထိုက်သင့်တဲ့ အချက်အလက်ကို ထည့်သွင်းရေးသားရပါလိမ့်မယ်။ ဆောင်းပါးရေးတဲ့အခါ နောက်ထပ်ပါသင့်တဲ့ ဒုတိယလူ တစ်ယောက်ကတော့၊ သုံးသပ်ဝေဖန်မှုပဲ ဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဟာ တစ်ခုခုကို ဆောင်ယူပြီး လက်ဆင့်...

ဆောင်းပါးများနောက်ကွယ်က

“ကျနော့် ဆောင်းပါးတွေ ဖတ်ဖြစ်ခဲ့သည်ရှိသော်…” ဆိုတဲ့ အတွေးနောက်မှာ၊ ကျနော့်သဘောထားဆန္ဒ တချို့ ကိန်းဝပ်နေတာ ရှိတယ်။ အဲဒါကို နည်းနည်းလေး ပြောချင်ပါတယ်။ ဒီသဘောထားဟာ ကျနော် ကိုယ်တိုင်လည်း လက်တွေ့ကျင့်သုံးခဲ့တဲ့၊ ကျင့်သုံးနေတဲ့၊ နောင်လည်း ကျင့်သုံးလိမ့်အုံးမယ့် သဘောထားဖြစ်ပါတယ်။ အဲဒါကတော့ ဆောင်းပါးကို ကျော်ကြည့်နိုင်စွမ်း၊စာကိုကျော်ကြည့်နိုင်စွမ်း၊စာရေးသူကို ကျော်ကြည့်နိုင်စွမ်း၊စာအုပ်ကို ကျော်ကြည့်နိုင်စွမ်း၊စာရေးဆရာကို ကျော်ကြည့်နိုင်စွမ်း၊ ဖြစ်ပါတယ်။ ကျနော်ဟာ နိုင်ငံရေးဆောင်းပါးတွေ ရေးသလို၊...