နိုင်ငံပြုသုခမိန်များ အလိုရှိသည်

ဖြစ်လာလတ္တံ့သော အနာဂတ်နိုင်ငံတော်သစ်မှာ၊ နိုင်ငံတည်ဆောက်ရေးသမားတွေ ခပ်များများ လိုပါတယ်။ နယ်ပယ်အသီးသီးမှာ လိုနေပါတယ်။ နယ်ပယ်အလိုက် ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ အထူးလိုအပ်နေပါတယ်။ သို့သော်လည်း “စွမ်းတဲ့သူတွေ စုပေါင်းနိုင်ဖို့” တော့ လိုပါလိမ့်မယ်။ စွမ်းတဲ့သူတွေ စုပေါင်းမှ ဆောင်မှ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် တန်ဖိုး ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ “စွမ်းတဲ့သူတွေ” ပညာပြိုင်နေတာနဲ့ တိုင်းပြည်တောင် ပြန်ပျက်နိုင်ပါတယ်။ စွမ်းတဲ့သူတွေ ‘သမားစွမ်း’...

နိုင်ငံတစ်ခု မွေးဖွားခြင်း

“Political Will” ဆိုတာကို နိုင်ငံရေးစိတ်ဆန္ဒလို့ အနက်ဖွင့်ရမယ် ထင်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးရည်မှန်းချက် လို့ မသုံးချင်ပါဘူး။ နိုင်ငံရေးစိတ်ဆန္ဒလို့ပဲ သုံးနှုန်းချင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက ဘဝတိုးတက်အောင်မြင်ရေး စာတွေကို အဖတ်များပြီး၊ ဒီစာပေတွေဟာ ဒဿနိကဗေဒနယ်က တက္ကဗေဒနဲ့ နှီးနွှယ်နေတယ်ဆိုတာလည်း နား လည်ရတယ်။ “စိတ်နေမြင့်မှ ဘဝမြင့်မယ်” ဆိုတဲ့ လော့ဂျစ်ကိုလည်း တွေ့ရတယ်။ တက်ကျမ်းဆရာ ဖေမြင့် တောင်...

▣ လူမှုပြုပြင်ပြောင်းလဲရေးသမား ဦးလှ

မန္တလေးမှာ၊ လူထုမောင်နှံ ရှိတယ်။ လူထုဦးလှနဲ့ လူထုဒေါ်အမာ ဖြစ်တယ်။ လူထုဦးလှ (၁၉၁၀ - ၁၉၈၂)ဟာ မန္တလေးသား မဟုတ်ဘူး။ ပဲခူးတိုင်း ညောင်လေးပင်သား။ ရန်ကုန်မှာ ကြီးပွားရေးအသင်းထောင်ရင်း၊ သပိတ်မှောက် ကျောင်းသူ အမာနဲ့ တွေ့တယ်။ သျှောင်နောက် ဆံထုံးမပါဘဲနဲ့ ဆံထုံးနောက် သျှောင်ပါလာတယ်။ မန္တလေးသူ ဒေါ်အမာနောက်ကို ဦးလှလိုက်လာတယ်။ မန္တလေးသားတွေက ဘယ်လောက်တောင် ဇာတိမာန်အားကြီးသလဲဆိုရင်၊...