သတင်းစာဆရာမှ စာရေးဆရာသို့

ကလောင်စုံ၊ နှစ် ၉၀ ပြည့် လူထုဦးလှလူထုကြီးပွားရေးစာအုပ်တိုက်၊ ပထမအကြိမ်။၂၀၀၀ ဇွန်။လူထုဦးလှ နှစ် ၉၀ ပြည့် အမှတ်တရစာများ။ စာပေဖြင့် နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ကျေးဇူးပြုခဲ့သူများထဲတွင်၊ လူထုဦးလှက ထိပ်ဆုံးမှ ပါဝင်ပါသည်။ စာပေ လောကတွင်၊ လူထုဦးလှထက် လူထုဒေါ်အမာအကြောင်းကို ပို၍ ကျယ်လောင်စွာ ပြောကြသည်။ အဘယ့်ကြောင့် နည်း။ မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဓလေ့နှင့် သက်ဆိုင်သည်ဟု ထင်ပါသည်။...

လူထုစိန်ဝင်း၏ သွန်သင်ချက်မှ

(စာရေးတာကို တာဝန်တစ်ခုလို သဘောထားပါ) မန္တလေးစာပေမျိုးဆက် (၄) ဆက်မှာတွေ့ရတဲ့ စာရေးခြင်းစိတ်ဇော ဘယ်လောက်ထက်သန်သလဲဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။လူထုဒေါ်အမာ၊လူထုစိန်ဝင်း၊ဒေါက်တာခင်သစ်နှင်း၊ထို့နောက်….. လူထုရေမြေ လူထုဒေါ်အမာ (၁၉၁၅ - ၂၀၀၈) နဲ့ လူထုစိန်ဝင်း (၁၉၄၀ - ၂၀၁၂)တို့မှာ တူတဲ့အချက် တစ်ခုရှိတယ်။ အမေမာရဲ့ ဆောင်းပါးတွေကို ဖတ်ရင် ရိုးရိုးနဲ့ သိပ်သွက်တာပဲ။ ဖတ်ရတဲ့သူမှာ တောင့်နေတယ်၊...

▣ လူမှုပြုပြင်ပြောင်းလဲရေးသမား ဦးလှ

မန္တလေးမှာ၊ လူထုမောင်နှံ ရှိတယ်။ လူထုဦးလှနဲ့ လူထုဒေါ်အမာ ဖြစ်တယ်။ လူထုဦးလှ (၁၉၁၀ - ၁၉၈၂)ဟာ မန္တလေးသား မဟုတ်ဘူး။ ပဲခူးတိုင်း ညောင်လေးပင်သား။ ရန်ကုန်မှာ ကြီးပွားရေးအသင်းထောင်ရင်း၊ သပိတ်မှောက် ကျောင်းသူ အမာနဲ့ တွေ့တယ်။ သျှောင်နောက် ဆံထုံးမပါဘဲနဲ့ ဆံထုံးနောက် သျှောင်ပါလာတယ်။ မန္တလေးသူ ဒေါ်အမာနောက်ကို ဦးလှလိုက်လာတယ်။ မန္တလေးသားတွေက ဘယ်လောက်တောင် ဇာတိမာန်အားကြီးသလဲဆိုရင်၊...

▣ ဗမာ့စိတ်ထား

ပုံပြင်တွေဟာ သမိုင်းမဟုတ်ပေမယ့်၊ သမိုင်းကို ခြေရာကောက်တဲ့နေရာမှာ အတော်အသုံးဝင်တဲ့အရာတွေ ဖြစ်ပါတယ်။ လူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ စတိုရီ (ပုံပြင်) တွေ ပြောပြီး၊ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို နားလည်အောင် လက်ဆင့်ကမ်းခဲ့ကြတယ်။ ပုံပြင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အတွင်းစိတ်ဓာတ်ခံကို ညွှန်ပြနေပါတယ်။ သမိုင်းကို လေ့လာတဲ့နေရာမှာ၊ အချက်အလက်မှတ်တမ်းတွေကိုချည်းပဲ မလေ့လာဘဲ၊ အတိတ်သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့လူ့အဖွဲ့အစည်းရဲ့ ဝိညာဉ်ကိုလည်း ရှာဖို့ လိုပါတယ်။ သမိုင်းကို လေ့လာတဲ့အခါ...