ရှုဒေါင့် – အဘိဓမ္မာ

အကြောင်းအရာတစ်ရပ်၊ ဖြစ်ရပ်တစ်ခု၊ ကိစ္စတစ်ခု၊ တစ်စုံတစ်ခု အပေါ်မှာ အကောင်းမြင်မလား။ အဆိုးမြင်မလား။ သို့တည်းမဟုတ်… အရှိတရားကို မြင်အောင်ကြည့်ဖို့ ကြိုးစားမလား။ အခြေခံအားဖြင့် ဒေါင့် (၃) ဒေါင့်ကနေရှုမြင် တဲ့ အကြမ်းဖျင်း၊ ယေဘုယျသဘော။ အလုပ်ဒေါင့်က ကြည့်ပြီး၊ ပြောလို့ ရနိုင်တဲ့ စကားတစ်ခု ရှိတယ်။ အကောင်းမြင်သူဟာ လေယာဉ်တီထွင်တယ်။အဆိုးမြင်သူကတော့ လေထီးတီထွင်တယ်။ မြေပေါ်လမ်းလျှောက်နေတဲ့လူတွေ၊ ငှက်တွေလို မိုးပေါ်ပျံဝဲနိုင်ရင်...

▄ အိမ်ဖြည့်

• ကျောင်းမပြီးခင်၊ ဘွဲ့မရခင် ကတည်းက ကွန်မြူနတီအလုပ်တွေလုပ်ဖို့ ကျနော် ခြေလှမ်းစလှမ်းခဲ့တယ်။ ကျောင်းပြီးတော့လည်း နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကွန်မြူနတီအလုပ်တွေ လုပ်ရင်း တိုးဝင်ခဲ့တာ အခုဆို ရင် ၁၀ စုနှစ် တစ်ခုတောင် ပြည့်တော့မယ်။ ကွန်မြူနတီနဲ့ပတ်သက်တဲ့အလုပ်တွေဆိုတာက တစ်ဦး တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေ မဟုတ်ဘူး။ အများနဲ့ စုပေါင်းပြီး လုပ်ရတဲ့အလုပ်တွေ။ နိုင်ငံရေး အလုပ်တွေကလည်း ထိုနည်းလည်းကောင်းပဲ။ ပါတီနိုင်ငံရေးလမ်းကြောင်းကို...

ယောနသံ

ဘသန်း(ဓမ္မိက) ဘာသာပြန်တဲ့ ယောနသံစင်ရော် ကို ဖတ်မိတယ်။ ကြိုက်တယ်။ စာအုပ်အညွှန်းတောင် ရေးဖြစ်တယ်။ ယောနသံစင်ရော်ကို ဖတ်ရင်း၊ ငါနဲ့အတော်တူပါ့လားလို့ တွေးမိတယ်။ တချို့အရာတွေဆို ထပ်တူထပ်မျှ။ ယောနသံကို ဖတ်တယ်။ ငါ့ကိုယ်ငါ ပြန်ကြည့်တယ်။ ယောနသံကို ကြည့်ရင်း ငါ့အကြောင်းကို ပြန်တွေးမိတယ်။ ပြန်မြင်မိတယ်။ ဒီလိုနဲ့ ငါ့ အကြောင်းငါရေးဖို့ ဖြစ်လာတယ်။ ငါဟာ ယောနသံ။ မင်းသေ့ရဲ့...