▄ အတွေးအခေါ်သစ်ပင်

အတွေးအခေါ် အယူအဆတွေဟာ သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ အတွေးအခေါ်၊ အယူအဆတွေကို သေချာ ပြင်ဆင်ထုပ်ပိုးထားတဲ့ the set of ideas လို့ အိုင်ဒီယော်လိုဂျီတွေဟာလည်း သစ်ပင်မျိုးစိတ်တွေနဲ့တူတယ်။ သစ်ပင်တွေဟာ ရေခံမြေခံပေါ်လိုက်ပြီးတော့၊ ပေါက်ပွားလေ့ရှိတယ်။ ပေါက်ရောက်တဲ့ရေမြေဓာတ်ခံနဲ့ မျိုးစိတ် ရဲ့ သဘာဝကိုက်ညီတဲ့အခါ၊ ဓာတ်ကိုက်ညီတဲ့အခါမှာ ဖြစ်ထွန်းတယ်။ တခါတရံလည်း ပိုးမွှားကျလို့ မျိုးသုဉ်း တာလည်း ကြုံတာပေါ့။ ရေမြေအလိုက် ပေါက်ရောက်တဲ့...

လေ့လာသင်ယူရေး

မပြောဖြစ်တာကြာပြီဖြစ်တဲ့ လေ့လာသင်ယူရေးအကြောင်း ပြောချင်ပါတယ်။ လေ့လာသင်ယူရေးမှာ ရေမြုပ်လို၊ သံလိုက်လို၊ ရေသယောက်လို၊ ပျားလို ပမာတူမျှရမှာဖြစ်ကြောင်း ပြောချင်ပါတယ်။ ရေမြုပ်လို ပညာကို သင်ယူတဲ့နေရာမှာ ရေမြုပ်လို ကျင့်ရမယ်။ လေ့လာသင်ယူရေးမှာ ရေမြုပ်လို နေထိုင်ကျင့်ကြံခြင်းက အရာရောက်တယ်။ ခရီးရောက်တယ်။ ခရီးပေါက်တယ်။ သိနားလည်မှုကို စုစည်းပေးတဲ့ဖြစ်စဉ်သဘောကို ပြော တာဖြစ်ပါတယ်။ ရေမြုပ်ဟာ ရေကို တွေ့တဲ့နေရာမှာ စုပ်ယူသလို၊ အသိပညာဗဟုသုတကို...