၁၉၉၁ – ကိုယ်ရေးအတ္ထုပ္ပတ္တိ

စာအုပ် နာမည်က “၁၉၉၁” ဖြစ်ပါတယ်။  ကျနော့် မွေးနှစ်ကို အစွဲပြုပြီး ပေးထားတဲ့ စာအုပ်နာမည်ပါ။   ကျနော့်ကို ၁၉၉၁ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့မှာ မွေးတယ်။  ဇာတိချက်မြှုပ်က၊ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မြို့မ ရပ်ကွက်ဖြစ်ပါတယ်။  ကျနော်က ပုသိမ်ကြီး အထက ကျောင်းမှာ၊ ဆယ်တန်းအောင်ခဲ့တယ်။  နည်းပညာတ္ကသိုလ် (မန္တလေး) မှာ ငါးနှစ်တက်ခဲ့တယ်။ ...

စာရေးဆရာ

စာရေးဆရာ တစ်ယောက်ဟာ၊ ခိုင်မာတဲ့ စာပေအယူအဆရှိရမယ်။ စွဲစွဲမြဲမြဲ လုပ်တတ်ရမယ်။ ကောက်ရိုးမီးစိတ်နဲ့၊ စာရေးလို့ မရဘူး။ စာတိုပေစ ရေးတတ်ရုံနဲ့ စာရေးဆရာ နာမည် မတပ်သင့်ဘူး။ မူမရှိဘဲ၊ ပေါ်ပြူလာဖြစ်ချင်ရုံသက်သက်နဲ့ စာပေကို ဖန်တီးရင်၊ မရိုးသားရာကျတယ်။ တော်တော်များများက၊ စာရေးတတ်ချင်တယ်။ ဒါပေမယ့်၊ သူတို့က ဖင်မမြဲကြဘူး။ စာရေးဆရာဖြစ်ချင်ရင်၊ ခုံနဲ့ တင်ပါးကို ကော်နဲ့ ကပ်ထားမှရမယ်။ စာရေးဆရာ...