⦿ ဒုတိယမျက်နှာ – (ဝတ္ထုတို)

ပြေးလွှားနေတဲ့ ဘီးလုံးတွေကြားမှာ၊ ကျနော်ဟာ ဘီးဂွေတစ်ခုလို။ လေပွေတွေကြားထဲမှာ ကျနော်ဟာ သစ်ရွက်ခြောက်လို။ ခုန်ပေါက်နေတဲ့ ကလပ်ထဲမှာ အနင်းခံရတဲ့ ဖိနပ်လို။ အဲဒါဟာ ဘယ်လို ခံစားရမလဲ ကြည့်။ ကျနော်ကတော့ မခံစားချင်ပါဘူး။ ခံစားချက်မဲ့တာ ကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် စာရေးဆရာတစ်ယောက်ဟာ ခံစားချက်နဲ့ စာတွေကို ရေးတာပဲ။ ကျနော်က ဆောင်းပါးတွေ ရေးတယ်။ သူများတကာတွေက ထင်လိမ့်မယ်။...