အသိအမှတ်ပြုခံလိုခြင်းသားကောင်

လူတော်တော်များများဟာ အသိအမှတ်ပြုခံလိုခြင်းရဲ့သားကောင် ဖြစ်မှန်းမသိဖြစ်နေကြတယ်။ ဒီဘက်ခေတ်မှာ လူတွေဟာ ကိုယ်အတ္တကို ကိုယ်အရောင်တင်ဖို့အတွက် အခွင့်အလမ်း ပိုများလာကြ တယ်။ လူတော်တော်များများဟာ ကိုယ် တကယ်လုပ်ချင်နေတဲ့အလုပ်ကို လုပ်နေကြတာထက် အသိ အမှတ်ပြုခံရဖို့အတွက် လုပ်နေကြတဲ့အလုပ်တွေက ပိုများတယ်။ အနုပညာတစ်ရပ်ရပ်ကို ဖန်တီးသည် ဖြစ်စေ၊ သို့တည်းမဟုတ် ပရဟိတလုပ်ငန်းတစ်ခုခုကို ကူညီလုပ်ကိုင်သည်ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု တစ်ရပ်ရပ်၌ ပါဝင်သည်ဖြစ်စေ…. လူအသိအမှတ်ပြုခံရရေးအတွက် အဓိကထား လုပ်နေတာတွေကို...