ပြည်သူ နဲ့ လူအုပ်ကြီး တူ / မတူ 

မြန်မာနိုင်ငံရေးသမားတွေဟာ – အထူအပါး နားမလည်ဘူး။ အကင်းမပါးဘူး။ အတိုင်းအရှည်ကို မသိဘူး။ အကန့်အသတ်ကို နားမလည်ဘူး။ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး” ဆိုတဲ့ အဘိဓမ္မာကို နားမလည်ရင် နေပါ၊ အခြေခံပြည်သူ့စည်းရုံးရေးအယူအဆကိုတော့ အခြေခံအားဖြင့် ကြေလည်သင့်ပါတယ်။ ပြည်သူကို စည်းရုံးပါ — ပြည်သူကို အမိန့် မပေးနဲ့၊ မစော်ကားနဲ့။  ပြည်သူဆိုတဲ့ စကားလုံးကလည်း နိုင်ငံရေးအုပ်စုတိုင်းက...

လူပိန်းတွေကို လွန်ဆန်နိုင်သူ ရှိသလား

လူပိန်းကြိုက်ဝါဒထဲက ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်မယ့် နိုင်ငံရေးသမားစစ်စစ်များ အလိုရှိသည် ပေါ်ပြူလစ်ဇင်လို့ ပြောလို့၊ ပေါ်ပြူလစ်ဇင်ဆိုတာ ဘာလဲ။ ပေါ်ပြူလစ်ဇင်ဆိုတာ လူပိန်းကြိုက်ဝါဒပဲ။ တချို့ကတော့ နည်းနည်း ခပ်လျော့လျော့ ပြောတယ်။ ပေါ်ပြူလစ်ဇင်ဆိုတာ အများကြိုက်ဝါဒ။ ပေါ်ပြူလာဖြစ်တယ်ဆိုတာ အများကြိုက်တာကို ခေါ်တယ် မို့လား။ လူအုပ်စုတစ်စု၊ သို့မဟုတ် လူအုပ်ကြီး တစ်အုပ်၊ လူအတော်များများအကြားမှာ အလွန်အမင်း ရေပန်းစားလွန်းရင် ပေါ်ပြူလာဖြစ်တယ်လို့ သုံးနှုန်းတယ်။...