◾ စာပေစံ

စာဖတ်တဲ့သူက၊ စာကို နှလုံးသားနဲ့လည်း ဖတ်တယ်။ ဦးနှောက်နဲ့လည်း ဖတ်တယ်။ ဒါ့ကြောင့် စာရေးတဲ့သူဟာ နှလုံးသားစံကိုလည်း မှီအောင် ကြိုးစားရတယ်။ ဦးနှောက်စံကိုလည်း မှီအောင်ကြိုးစားရတယ်။ ဒီနေရာမှာ နှလုံး သားစံဆိုတာ ရေးသူရဲ့စေတနာကို ညွှန်းချင်ပါတယ်။ ဦးနှောက်စံဆိုတာကတော့ စာပေဝမ်းစာ ဘယ်လောက် ဖြည့်ထားသလဲ၊ ဘယ်လောက် စိတ်နှစ်ပြီး လေ့လာဆည်းပူးစူးစမ်းထားသလဲဆိုတဲ့ကိစ္စဖြစ်ပါတယ်။ နှလုံးသားစံ ကိစ္စကို ပြောချင်ပါတယ်။ စေတနာ ကိစ္စပါ။...