လွှတ်တော် အမတ်

ဘယ်သူ အုပ်ချုပ်တယ်ဆိုတာ အရေးမကြီးဘူး။ ဘယ်လို အုပ်ချုပ်တယ်ဆိုတာ အရေးကြီးတယ်။ နိဒါန်း မြန်မာနိုင်ငံဟာ တော်လှန်ရေးချည်းပဲ လုပ်နေရလို့ နိုင်ငံတည်ဆောက်ရေးကို ဦးမတည်နိုင်ခဲ့တာကြာလှပြီ။ ဗြိတိသျှကို တော်လှန်ရ၊ ဂျပန်ကိုတော်လှန်ရ၊ အချောင်သမားဝါဒကို တိုက်ထုတ်ရ၊ ဆိုရှယ်လစ်စနစ်ဆိုးကို တော်လှန်ရ၊ စစ်အာဏာရှင်ကို ပုန်ကန်ရနဲ့ တည်ဆောက်ရေးဆိုတာ တစ်ဝဲလည်လည် ဖြစ်နေခဲ့တာကြာခဲ့ပြီ။ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အသွင်ကူးပြောင်းကြမယ်လို့ ဆိုပြီး ဖွင့်သင့်တာဖွင့်၊...