အမျိုးသားရေးဝါဒဆိုတာ ဘာလဲ

နေရှယ်နယ်လစ်ဇင်လို့ခေါ်တဲ့ အမျိုးသားရေးဝါဒကို ဖျောက်ဖျက်ပစ်ဖို့ ဆိုတာ ခက်လှတယ်။ အထူးသဖြင့် အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့တော်လှန်ရေး၊ အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့ အင်စတီကျူးရှင်း၊ အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့ လှုပ်ရှားမှု၊ အမျိုးသားရေးဝါဒနဲ့ ဆွဲစုထားတဲ့ လမ်းစဉ်တွေကို ပိတ်ဆို့ကာဆီးဟန့်တားဖို့ ခက်တယ်။ အမျိုးသားရေးဝါဒ (တနည်း) မျိုးချစ်စိတ်ကနေ ဖြစ်ပေါ်လာတဲ့ ပြုမူချက်တွေဟာ ဘာနဲ့ တူသလဲဆိုတော့ တောင်ကျရေနဲ့ တူတယ်။  မိုးရွာပါလို့လည်း စေခိုင်းလို့...

သင်သေသွားသော် ကဗျာမှ အမျိုးသားရေးဝါဒ

ဆရာဇော်ဂျီဟာ “သင်သေသွားသော်” ကဗျာကို ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။ “သင်သေသွားသော်” ကဗျာကို ရေးသားတဲ့ နောက်ခံခေတ်အခြေအနေကို လေ့လာကြည့်သင့်တယ်။  နောက်ခံကား   “သင်သေသွားသော်” ကဗျာ မပေါ်ခင် ရှေ့ (၁၅) နှစ်ကာလလောက်တုန်းက မြန်မာပြည်မှာ အကြီးကျယ်ဆုံးသော ကျောင်းသားသပိတ်လှုပ်ရှားမှုကြီး တစ်ခု ပေါ်ထွက်ခဲ့တယ်။ ၁၉၂၀ ဒီဇင်ဘာမှာ ပေါ်ထွက်ခဲ့တဲ့ ပထမကျောင်းသားသပိတ် ဖြစ်ပါတယ်။...