မြန်မာ့လူဦးရေရွေ့မှုကြီး

၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးနောက်ပိုင်းမှာ၊ မြန်မာနိုင်ငံအတွင်း လူဦးရေရွေ့မှုဟာ ကြီးကြီးမားမား ကျယ်ပြန့်လာတာတွေ့ရတယ်။ မြန်မာလူထုဟာ မလုံခြုံမှုဒဏ်ကို တဖြည်းဖြည်း စတင်ခံစားလာရတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီး သုံးလလောက်အကြာမှာ လူဦးရေအရွှေ့အပြောင်းဟာ တဖြည်းဖြည်း ဒီဂရီအမြင့်ဘက်ကို ရောက်လာတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမြင့်မားဆုံးသော အခြေအနေအထိ လူဦးရေအရွေ့ကြီးထွားလာတယ်။ ယခု ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ လူကြီးရေ အရွှေ့အပြောင်းကိစ္စဟာ ဆက်လက်မြင့်တက်ကြီးထွားနေဆဲဖြစ်တယ်။ ...

လူပိန်းတွေကို လွန်ဆန်နိုင်သူ ရှိသလား

လူပိန်းကြိုက်ဝါဒထဲက ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်မယ့် နိုင်ငံရေးသမားစစ်စစ်များ အလိုရှိသည် ပေါ်ပြူလစ်ဇင်လို့ ပြောလို့၊ ပေါ်ပြူလစ်ဇင်ဆိုတာ ဘာလဲ။ ပေါ်ပြူလစ်ဇင်ဆိုတာ လူပိန်းကြိုက်ဝါဒပဲ။ တချို့ကတော့ နည်းနည်း ခပ်လျော့လျော့ ပြောတယ်။ ပေါ်ပြူလစ်ဇင်ဆိုတာ အများကြိုက်ဝါဒ။ ပေါ်ပြူလာဖြစ်တယ်ဆိုတာ အများကြိုက်တာကို ခေါ်တယ် မို့လား။ လူအုပ်စုတစ်စု၊ သို့မဟုတ် လူအုပ်ကြီး တစ်အုပ်၊ လူအတော်များများအကြားမှာ အလွန်အမင်း ရေပန်းစားလွန်းရင် ပေါ်ပြူလာဖြစ်တယ်လို့ သုံးနှုန်းတယ်။...

တိုင်းရေးပြည်သစ် – ၁

 မြင့်မာန်  နဲ့  မင်းသေ့ဆွေးနွေးချက် (အပိုင်း – ၁)  ကိုမင်းသေ့ — ကိုမြင့်မာန်ရေ…. ။ ဒီနေ့တော့ တိုင်းရေးပြည်သစ် အကြောင်း နည်းနည်း ပြောချင်တယ်ဗျာ။ အထူးသဖြင့် တိုင်းသစ်ပြည်သစ် တည်ဆောက်ရေးကိစ္စပေါ့။ တိုင်းပြည်တစ်ခုရယ်လို့ ဖြစ်လာဖို့ အခြေခံအချက်တွေက ဘာတွေ လိုတယ်လို့ ထင်သလဲ၊ ကျနော် အဲဒါ မြန်မာပြည်ရဲ့ အခြေအနေနဲ့ အပ်စပ်ပြီး ဆွေးနွေးချင်တယ်ဗျာ။...