ရက္ခိုင်နိုင်ငံတော်စာတမ်း

မင်းသေ့ - ရေးတယ် (၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့) ★ နိဒါန်း ၎င်းစာတမ်းကို ရက္ခိုင်အမျိုးသားရေးအိပ်မက်ဖြစ်တဲ့ “ရက္ခိုင့်နိုင်ငံတော်” ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်ညွှန်း ပါတယ်။ နိုင်ငံတစ်ခုမွေးဖွားခြင်းဟာ အဆင့်ဆင့် သန္ဓေတည်ပြီး ဖြစ်ပေါ်လာရတယ်လို့ မြင်ပါတယ်။ လက်ရှိ ရက္ခိုင် အမျိုးသားရေးလွတ်မြောက်မှု ကြိုးပမ်းချက်တွေဟာ သန္ဓေတည်တဲ့ အဆင့်ကို ကျော်လွန်ပြီးဖြစ်ပါတယ်။ စစ်မှန်တဲ့ ရက္ခိုင်...