မြန်မာ့ပညာရေးသမိုင်းစဉ် ဆန်းစစ်ချက်

မြန်မာပြည်ရဲ့ပညာရေးသမိုင်းစဉ်ကို လက်လှမ်းမှီသမျှတို့ထိ ချင်ပါတယ်။ ပညာရေးအစ ဘုန်းကြီးကျောင်းက မြန်မာပြည်ရဲ့ပညာရေးကို ကြည့်ရင်၊ ဘုန်းကြီးကျောင်းက စတာတွေ့ရပါတယ်။ “ကျောင်း” ဆိုတဲ့ အသုံးအနှုန်း ကို ကြည့်ရင် သိသာနိုင်ပါတယ်။ ရှေးရှေးဘုရင်လျောင်းလျာ၊ မင်းညီမင်းသားတွေ အားလုံးဟာ ဘုန်းကြီး ကျောင်းထွက်တွေဖြစ်ကြပါတယ်။ အားလုံးနီးပါးဟာ ပညာရေးဆိုတာကို ထိတွေ့ဖို့ ဘုန်းကြီးတွေကို အားကိုးရ တယ်။ သံဃာတွေကို အားကိုးရတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး...