ကျနော် စာသမား

ရှေးရှေးတုန်းက၊ အထုံဓလေ့ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကျနော် ဆယ်ကျော်သက်ဘဝမှာပဲ စာဖတ်ဝါသနာထုံခဲ့ တယ်။ သာမန်ထက်လွန်ကဲစွာ ထုံခဲ့တယ်။ ဒါဟာ သဘာဝက ပေးတဲ့ ကံကောင်းခြင်း လက်ဆောင်လို့ တွေးမိပါ တယ်။ ကျနော်ဟာ စာဖတ်ဝါသနာ မပါခဲ့ရင် ဘယ်လောက်များ လူနုံလူအ တစ်ယောက်ဖြစ်လိမ့်မယ် မသိပါ ဘူး။ စာဖတ်အလေ့သာ မထုံခဲ့ရင်၊ ကျနော်ဟာ အခုဆိုရင် ပေါ့ပေါ့နေ ပေါ့ပေါ့စား...

အရင်းခံဓလေ့ဆိုး နှင့် ဗြူရိုကရက်ယန္တရား

(အပေါ်ယံရွှေမှုံကြဲ အထဲက နောက်ချေးခံ ပြဿနာ) မြန်မာပြည်ရဲ့ အခြေခံရင်းမြစ်အကျဆုံးပြဿနာဟာ နိုင်ငံရေးပြဿနာ မဟုတ်ပါဘူး။ နိုင်ငံရေးထက် ပိုပြီး အရင်းကျတဲ့ ပြဿနာရှိပါတယ်။ အဲဒါကတော့ အခြေခံလူ့ပြဿနာဖြစ်ပါတယ်။ လူမှုရေးပြဿနာဖြစ်ပါတယ်။ လူမှုရေးပြဿနာနဲ့ လူ့ပြဿနာဟာ နိုင်ငံရေးထက် ပိုပြီး အခြေခံကျတဲ့ပြဿနာတွေဖြစ်နေပါတယ်။ နိုင်ငံရေးပြဿနာဟာ မရှိဘူး၊ မဟုတ်ဘူးလို့ ငြင်းဆိုနေတာ မဟုတ်ပါဘူး။ နိုင်ငံရေးထက် ပိုပြီး အရင်းခံကျတဲ့ ပြဿနာဖြစ်တယ်ဆိုတာကို ပြောတာဖြစ်ပါတယ်။...

သပွတ် ဗြူ နဲ့ တရားဝင် စားခွင်

အုပ်ချုပ်ရေး အလုပ်က မလွယ်ပါ။ အုပ်ချုပ်ရေးယန္တရားကို ထိန်းကျောင်းလမ်းညွှန်ရတဲ့ အလုပ်က ပိုပြီး မလွယ် ပါ။ အုပ်ချုပ်ရေးအလုပ်ဆိုတာ သာမန်ဗဟုသုတရရုံ စာတိုပေစ လျှောက်ဖတ်ပြီး လုပ်လို့ရတဲ့ အလုပ်လည်း မဟုတ်ပါ။ စနစ်တကျ လေ့ကျင့်သင်ကြားထားပြီး အတွေ့အကြုံကနေတစ်ဆင့် ကျွမ်းကျင်တတ်မြောက်လာ တဲ့ အရာဖြစ်ပါတယ်။ အင်္ဂလိပ်ဟာ မြန်မာပြည်ကို ကိုလိုနီပြုခဲ့တယ်။ သို့ပေမယ့် ဗရမ်းဗတာ ကိုလိုနီပြုခဲ့တာ မဟုတ်ပါ။ ကိုလိုနီနယ်...

မြန်မာ့ပညာရေးသမိုင်းစဉ် ဆန်းစစ်ချက်

မြန်မာပြည်ရဲ့ပညာရေးသမိုင်းစဉ်ကို လက်လှမ်းမှီသမျှတို့ထိ ချင်ပါတယ်။ ပညာရေးအစ ဘုန်းကြီးကျောင်းက မြန်မာပြည်ရဲ့ပညာရေးကို ကြည့်ရင်၊ ဘုန်းကြီးကျောင်းက စတာတွေ့ရပါတယ်။ “ကျောင်း” ဆိုတဲ့ အသုံးအနှုန်း ကို ကြည့်ရင် သိသာနိုင်ပါတယ်။ ရှေးရှေးဘုရင်လျောင်းလျာ၊ မင်းညီမင်းသားတွေ အားလုံးဟာ ဘုန်းကြီး ကျောင်းထွက်တွေဖြစ်ကြပါတယ်။ အားလုံးနီးပါးဟာ ပညာရေးဆိုတာကို ထိတွေ့ဖို့ ဘုန်းကြီးတွေကို အားကိုးရ တယ်။ သံဃာတွေကို အားကိုးရတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး...

ဆင်ခြင်တုံတရားဝါဒ

ဝါဒဖြန့်ချိရေးနဲ့ စာရေးဆရာအကြောင်းကို ကျနော် စာတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အခုလည်း ဝါဒတစ်ခုအကြောင်း ရေးချင်ပါသေးတယ်။ စာရေးဆရာဟာ တနည်းအားဖြင့် ဝါဒဖြန့်ချိရေးသမားဖြစ်တယ်။ စာရေးဆရာဟာ သူယုံကြည်တဲ့ဝါဒကို သူဖြန့် လေ့ရှိတယ်။ သူဆွဲကိုင်ထားတဲ့ဝါဒနဲ့ ဖီလာဆန့်ကျင်ဘက်ဖြစ်တဲ့ဝါဒကို တိုက်ခိုက်တယ်။ ထိုးနှက်တယ်။ ဝေဖန် တယ်။ ရှုတ်ချတယ်။ စာရေးဆရာဟာ သူနှစ်သက်တဲ့ဝါဒကို သိမ်သိမ်မွေ့မွေ့နဲ့ ဖြန့်ချိနိုင်ဖို့ ကြိုးစားတယ်။ စာရေးဆရာဟာ ဘာဝါဒကို ယုံသလဲ။ ဒါကတော့...