စာရေးတတ်ချင်လား

စာရေးတတ်ချင်လား…. တင်ပါး ကော်သုတ်ထား။ ဖင်မြဲပါလို့ ပြောတာ။ စာရေးတဲ့ အလုပ်မှ၊ မဟုတ်ဘူး။ ဘယ်အလုပ်ကို လုပ်လုပ် ဖင်မမြဲရင် မရဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှ လောက်လောက်လားလားဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ လူတွေက၊ စာရေးတတ်ချင်တယ်လို့၊ တစ်ဖွဖွ ပြောကြတယ်။ ဒါ့ပေမယ့်၊ မှတ်စုစာအုပ်မှာ မှတ်စု ၁၀ မျက်နှာထုတ်ကြည့်ပါလို့ ပြောရင်၊ မလုပ်နိုင်ကြဘူး။ မှတ်စု ထုတ်တာကို၊...