▄ စာရေးကြတဲ့ လူတွေ

တကယ်တော့ စာရေးတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမယ့် စာရေးခြင်းရဲ့ နောက်ကွယ်က စိတ်ဓာတ်ကတော့ အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က ရည်ရွယ်ချက်က အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က စာရေးသူရဲ့ စေတနာဟာ အရေးကြီးလာတယ်။ စိတ်ဓာတ်၊ စေတနာနဲ့ ရည်ရွယ်ချက်။ ဘာ့ကြောင့် စာရေးသလဲ… စာရေးဖြစ်အောင် တွန်းအားပေးတဲ့အရာတွေက ဘာဖြစ်နိုင်ပါသလဲ။ အမျိုးမျိုးဖြစ်နိုင်တယ်။ အများအပြားဖြစ် နိုင်ပါတယ်။ စာဖတ်များလာရင်း၊ စာရေးချင်စိတ်ဖြစ်လို့ စာရေးမိတယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့...