သုတေသနဖန်ပြား

‘သုတေသနဖန်ပြား’ ဆိုသော စကားလုံးသည် ကျနော့် အသုံး မဟုတ်ပါ။ လေးစားရသော ဆရာကျော်ဝင်း၏ စကားလုံးဖြစ်ပါသည်။ မိုးဂျာနယ်မှာ ရေးခဲ့သော စာများကို ဖတ်ရင်း၊ ရင်းနှီးခဲ့ရသော စကားလုံးဖြစ်သည်။ ပညာကို သုတေသနဖြင့်ယှဉ်၍ ဖွင့်ဆိုကြသည်။ သုတေသနဟု ပြောလျှင်ပင်၊ ပညာဟု အနက်သဘော ညွှန်း ဆိုရာ ရောက်သည်။ သုတေသနသည်ပင် ပညာ၏ သင်္ကေတတစ်ခုလိုဖြစ်နေသည်။ မိုက်ခရိုစကုပ် မှန်ပြောင်းအောက်တွင်၊...