ထွက်ပေါက် အယူအဆနဲ့ သမိုင်းလိုအပ်ချက် ဟုတ် / မဟုတ်

***ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေးကိစ္စ [Honorable Exit] ၁။ တချိန်က မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိစွာ ထွက်ပေါက်ပေးရေး (honorable exit) ကိစ္စကို စဉ်းစားခဲ့ကြဖူးတာ ရှိတယ်။ စဉ်းစားတယ်ဆိုပေမယ့် ဒီအယူအဆဟာ ရေပန်းမစားပါဘူး။ အငြိုးအတေးနဲ့ အမုန်းတရား သိပ်ကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ၊ ဒီလိုအယူအဆမျိုးက တိုးမပေါက်ခဲ့သလို အစွန်းရောက်နိုင်ငံရေးဓလေ့ အားကြီးတဲ့ ဗမာနိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း ရှုတ်ချစရာ အယူအဆဖြစ်ကောင်း ဖြစ်ခဲ့မှာပါ။...