မြန်မာ့လူဦးရေရွေ့မှုကြီး

၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးနောက်ပိုင်းမှာ၊ မြန်မာနိုင်ငံအတွင်း လူဦးရေရွေ့မှုဟာ ကြီးကြီးမားမား ကျယ်ပြန့်လာတာတွေ့ရတယ်။ မြန်မာလူထုဟာ မလုံခြုံမှုဒဏ်ကို တဖြည်းဖြည်း စတင်ခံစားလာရတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီး သုံးလလောက်အကြာမှာ လူဦးရေအရွှေ့အပြောင်းဟာ တဖြည်းဖြည်း ဒီဂရီအမြင့်ဘက်ကို ရောက်လာတယ်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမြင့်မားဆုံးသော အခြေအနေအထိ လူဦးရေအရွေ့ကြီးထွားလာတယ်။ ယခု ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံမှာ လူကြီးရေ အရွှေ့အပြောင်းကိစ္စဟာ ဆက်လက်မြင့်တက်ကြီးထွားနေဆဲဖြစ်တယ်။ ...