ပြည်သူ နဲ့ လူအုပ်ကြီး တူ / မတူ 

မြန်မာနိုင်ငံရေးသမားတွေဟာ – အထူအပါး နားမလည်ဘူး။ အကင်းမပါးဘူး။ အတိုင်းအရှည်ကို မသိဘူး။ အကန့်အသတ်ကို နားမလည်ဘူး။ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ နိုင်ငံရေး” ဆိုတဲ့ အဘိဓမ္မာကို နားမလည်ရင် နေပါ၊ အခြေခံပြည်သူ့စည်းရုံးရေးအယူအဆကိုတော့ အခြေခံအားဖြင့် ကြေလည်သင့်ပါတယ်။ ပြည်သူကို စည်းရုံးပါ — ပြည်သူကို အမိန့် မပေးနဲ့၊ မစော်ကားနဲ့။  ပြည်သူဆိုတဲ့ စကားလုံးကလည်း နိုင်ငံရေးအုပ်စုတိုင်းက...