ဝပြည်နယ်ကိစ္စ

ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာလဲဆိုတာကို တစ်ချက် ပြန်လေ့လာသင့်တယ် ထင်တယ်။ မြန်မာပြည်မှာ – ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်အစိုးရရယ်လို့ ပေါ်လာပေမယ့် ပြည်နယ်အစိုးရတွေမှာ ဗဟိုအစိုးရ (တနည်း) ပြည်ထောင်စုအစိုးရရဲ့ လက်တံခြေတံတွေအောက်က မလွတ်ပါဘူး။ ၂၀၁၀ - ၂၀၂၀ အတွင်းမှာ တစ်စုံတစ်ရာ လွတ်လပ်သောလုပ်ပိုင်ခွင့် ရှိခဲ့တယ်လို့ ပြောနိုင်ပေမယ့် လက်တွေ့မှာ ဗဟိုဦးစီးစနစ်ရဲ့ ဘောင်ထဲမှာသာ ရှိခဲ့ပါတယ်။...

ကွန်ဖက်ဒရေးရှင်းအာဂျင်ဒါ နဲ့ ရက္ခိုင်

ကွန်ဖက်ဒရေးရှင်းနဲ့ အနက်သဘောမှာ - “အချုပ်အခြာအာဏာပိုင်ပြည်နယ်” ဆိုတဲ့အနက်သဘောပါဝင်တာ တွေ့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးသမိုင်းဇာတ်ကို ကြည့်ရင် - အချုပ်အခြာအာဏာဆိုတဲ့ စကား လုံးကို နိုင်ငံတော်နဲ့ တွဲဖက်ပြီး သုံးစွဲတာမျိုးပဲ အလေ့အထုံ ရှိခဲ့ပါတယ်။ မြန်မာလူထုကိုယ်၌ကလည်း အချုပ်အခြာအာဏာဆိုတာ နိုင်ငံနဲ့သာ သက်ဆိုင်တဲ့ ကိစ္စလို့ မြင်ကြတာများတယ်။ ဒါဟာ စွဲနေတဲ့အမြင် ဖြစ်နေတယ်။ public memory ထဲမှာ...

ကွန်ဖက်ဒရေးရှင်းဆိုတာ ဘာလဲ

ကွန်ဖက်ဒရေးရှင်းဆိုတာဘာလဲ။ ဒါကို အတတ်နိုင်ဆုံး အလွယ်တကူ အရှင်းလင်းဆုံး ပုံစံနဲ့ ရှင်းလင်းဖို့ ရည်ရွယ် ပါတယ်။ ကွန်ဖက်ဒရေးရှင်းဆိုတာ - အင်္ဂလိပ်ဝေါဟာရ “Confederation” ဆိုတဲ့ စကားလုံးကို တိုက်ရိုက် အသံ ဖလှယ်ပြီး ယူထားတာဖြစ်ပါတယ်။ Democracy ဆိုတာကို အသံထွက်အတိုင်းရေးတဲ့ “ဒီမိုကရေစီ” ဆိုတဲ့ အခေါ်အဝေါ်လို အသံထွက်အတိုင်း ပြောတာ၊ ရေးတာဖြစ်တယ်။  လူအတော်များများဟာ ကွန်ဖက်ဒရေးရှင်းနဲ့...