*** [Comparative Politics]

နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ၊ မဖြစ်မနေ သင်ရတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါကို [Comparative Politics] လို့ ခေါ်တယ်။ မြန်မာလို အနက်ပြန်ရရင်တော့ “နှိုင်းယှဉ်နိုင်ငံရေး” လို့ ခေါ်ပါတယ်။ နှိုင်းယှဉ်နိုင်ငံရေး [Comparative Politics] ဟာ နိုင်ငံရေးသိပ္ပံရဲ့ ထီးရိပ်အောက်က ဘာသာရပ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးအပြုအမူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံအလိုက်...