ဝေဖန်ရေးသမားတစ်ယောက်၏ သံဝေဂကထာ

★ ကျနော် ရေးတဲ့ ဆောင်းပါးအများစုဟာ ဝေဖန်ရေးဆောင်းပါးတွေလို့ ပြောလို့ ရပါတယ်။ များသောအားဖြင့်၊ နိုင်ငံရေးဝေဖန်ချက်ဆောင်းပါးတွေနဲ့ လူမှုဝေဖန်ချက်ဆောင်းပါး အများစု ဖြစ်ပါတယ်။ စာပေနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ကျနော် ရေးလေ့ရှိပေမယ့်၊ စာပေဝေဖန်ရေး မဆန်ဘူးလို့ ထင်ပါတယ်။ စာပေမှာကတော့ စာအုပ်အကြောင်း၊ စာရေးဆရာအကြောင်း၊ စာရေးခြင်း အကြောင်း၊ စာဖတ်ခြင်းအကြောင်း၊ စာပေရဲ့သဘောသဘာဝအကြောင်း ရှင်းလင်းတင်ပြတာမျိုးသာ ကျနော် အရေးများပါတယ်။ စာအုပ်အညွှန်းအရေးများပေမယ့်၊ စာအုပ်ဝေဖန်ချက်တော့...