မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာမျဉ်း (အတက် – အကျ)

Analysis-on-Myamars-Tatmadaw-by-Min-Thayt-2022Download စမှတ်။ ၁၃၀၀ ပြည့်အရေးတော်ပုံ မြန်မာ့တပ်မတော်ကို စတင်သန္ဓေတည်ပေးလိုက်တာကတော့၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု နိုင်ငံရေး လှိုင်းကြီးနေနေတဆင့် ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံဟာ၊ အမျိုးသားရေးသမိုင်းမှာ အထင်ကရ နိုင်ငံရေး လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ အရေးတော်ပုံကို ဖြတ်သန်းရင်း၊ မြန်မာ့နိုင်ငံရေးအင်အားစုတွေအကြားမှာ ခိုင်မာတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ “အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက်ပြတ်ပြတ်သား သားတော်လှန် တွန်းလှန်နိုင်ဖို့အတွက်ဆိုရင် အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခု မလွဲမသွေရှိရမယ်”...