ပြည်သူသာလျှင် အဓိက — တဲ့၊ ဟုတ်ရဲ့လား

ပြည်သူသာလျှင် အဓိက— တဲ့။  မှန်ပါတယ်။ မှန်ပါတယ်။ ယေဘုယျတွေ ပြောရင်တော့ မှန်တာပေါ့။ ဒါပေမယ့် ဘယ်လို ပြည်သူလဲဆိုတာတော့ ရှိသေးတယ်။ ပိုလို့ တိတိကျကျ ပြောရမယ်။ ပြည်သူဆိုတဲ့ စကားလုံးက သိပ် ယေဘုယျဆန်ပါတယ်။ ပြည်သူ - လူထု။ ကြိုက်တာပြော။ ပြည်သူဆိုတဲ့ စကားလုံး၊ လူထုဆိုတဲ့ ဝေါဟာရကို ကွန်မြူနစ်လည်း သုံးခဲ့တာပဲ။ ဆိုရှယ်လစ်လည်း...