မြန်မာစာပေဖြတ်သန်းမှု

မြန်မာ့စာပေသမိုင်းကိုကြည့်ရင်၊ ဆင့်ကဲဆင့်ကဲနဲ့ ဖြစ်ပေါ်တိုးတက်လာတာကို တွေ့ရတယ်။ ဗုဒ္ဓစာပေတွေက နေ အခြေပြုဆင်းသက်လာရင်း၊ ကိုလိုနီခေတ်မှာ အနောက်တိုင်းရဲ့စာပေအနုပညာတွေ ပွားစည်းလာတာတွေ့ ရတယ်။ အနောက်တိုင်းစာပေတွေကို၊ ပြန်သယ်လာတဲ့လူတွေက မြန်မာပညာတတ်စာရေးဆရာတွေဖြစ်တာ တွေ့ရပြန်တယ်။ ယခင်ကတော့ နန်းတွင်း ပညာရှိအမတ် စာသမားတွေကနေ ဆင်းသက်တယ်။ အမတ်တွေ ဟာ စာပေမှာ မွှေ့လျော်တယ်။ ဗုဒ္ဓဒေဿနာတွေမှာ နှံ့စပ်ကျွမ်းကျင်ကြတယ်။ ခေတ်ပညာကို လေ့လာဆည်းပူး ကြတယ်။ အနောက်တိုင်းက...