တရားသေသမား နှင့် မုချဝါဒီ

လူ့အဖွဲ့အစည်းထဲမှာ တည်ရှိတဲ့ အကြောင်းခြင်းရာတွေကို ပုံဖော်ရှင်းလင်းတင်ပြတဲ့အခါမှာ၊ တစ်မျိုးတည်း၊ တစ်ထောင့်တည်း၊ နည်းနာတစ်ခုတည်း၊ ချည်းကပ်မှုပုံစံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ သဘောဟာ၊ ရှုပ်ထွေးတယ်၊ ကျယ်ပြန့်တယ်။ နက်နဲတယ်။ စုံစုံလင်လင် များများပြားပြား ရှိတယ်။ ထိုနည်း လည်းကောင်း ထွေထွေထူးထူးလည်း ရှိတယ်။ အထူးသဖြင့် လူမှုဓလေ့နဲ့ လူမှုယဉ်ကျေးမှု ထုံးတမ်းတွေရဲ့ သိမ် မွေ့တဲ့အပိုင်းတွေ ပါလာတာဖြစ်ခြင်းကြောင့်၊ မြင်ရ...