ကိုယ်ချစ်တဲ့အလုပ်

ငါတို့ဟာ ကိုယ်ချစ်တဲ့အလုပ်ကို ကိုယ်လုပ်ရမယ်။ ဒါပေမယ့် ငါတို့မျိုးဆက်ဟာ ကိုယ့်အချစ်ကို ကိုယ် ရှာဖွေခွင့်နည်းတယ်။ ကိုယ်ချစ်တာကို ကိုယ်လုပ်ခွင့် များများစားစားမရဘူး။ မရဘူး ဆိုပြီး ဒီအတိုင်း ငုတ်တုပ်ထိုင်ပြီး ပျင်းရိစိတ်ပျက်နေလို့လည်း မရဘူး။ တချို့တွေဟာ ကိုယ်ချစ်တဲ့အရာက ဘာလဲ… ဆိုတာကိုလည်း အမြဲတမ်း ရှာနေရမှာဖြစ်သလို၊ ကိုယ်ချစ်တာကို လုပ်ခွင့်ရနေဖို့ကိုလည်း အမြဲတမ်း ကြိုးစားနေရမယ်။ တချို့က ကိုယ် လုပ်ချင်တဲ့အလုပ်က...

ပရော်ဖက်ရှင်နယ်သမားအတွက် ပေတံလေးချောင်း

ပရော်ဖက်ရှင်နယ်ဆိုတာ ဟိုစပ်စပ်၊ ဒီစပ်စပ်သမား မဟုတ်ဘူး။ ေယာင်ဝါးလည်း မဟုတ်ဘူး။ အပေါ်ယံရှပ်ပြေး သိထားသူလည်း မဟုတ်ဘူး။ နက်နက်နဲနဲ လေ့လာထားတဲ့သူ။ ထုသားပေသားကျအောင် လေ့ကျင့်ထားတဲ့သူ။ သီအိုရီနဲ့ လက်တွေ့ကို ပေါင်းစပ်နိုင်သူ။ ပရော်ဖက်ရှင်နယ်ဆိုတဲ့စကားလုံးကို တော်တာ်များများ ကြားဖူးလိမ့်မယ်။ ပြောလည်းပြောဖူးလိမ့်မယ်။ သို့ပေမယ့် အနက်သဘောကိုမေးရင်၊ သေချာရှင်းရှင်းလင်းလင်း နားလည်ထားသူ နည်းလိမ့်မယ် ထင်တယ်။ ပရော်ဖက်ရှင်နယ်လို့ ပြောပေမယ့် အနက်သဘောကို တိတိကျကျနားမလည်ထားရင်...

တို့လူငယ်

• ဝမ်းစာဖြည့်ဖို့ • ကိုယ်ခံအားကောင်းဖို့ • ကိုယ့်အလုပ် ကိုယ်လုပ်နေဖို့ ကျနော် လူငယ်တွေတော်တော်များများနဲ့ တွေ့ဖြစ်၊ ဆုံဖြစ်တယ်။ လူငယ်တွေက သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ တွေကို ပြောပြတယ်။ သူတို့ရဲ့ချင်ခြင်းတွေကို ဖွင့်ဟတယ်။ သူတို့ဝါသနာနဲ့ လွန်ဆွဲနေတဲ့အရာတွေကို ပြောပြ တယ်။ သူတို့ သွားချင်တဲ့ပန်းတိုင်၊ သူတို့လျှောက်ချင်တဲ့လမ်းကို ပြောကြတယ်။ လူငယ်တွေမှာ ကြီးပွားလိုစိတ်၊ အောင်မြင်လိုစိတ်၊...