စာဖတ်သမားသို့ အမှာစာ

ကလောင်သွားထက်ထက် လူငယ်စာရေးဆရာ တစ်ယောက်ရှိသည်။ ဆရာက မန္တလေးသား။ ဆရာ့အမည်ရင်းက အောင်ကိုကိုတိုး။ ဆရာ့ ကလောင် အမည်က ”မင်းသေ့” ဆရာမင်းသေ့ကို စသိတာကတော့ ”နိုင်ငံရေးဖတ်စာများ” စာအုပ်မှ ဖြစ်သည်။ တစ်ရက်၌ စာအုပ်ဆိုင် ရောက်တော့”နိုင်ငံရေးဖတ်စာများ” ဟူသော စာအုပ်ကို ကောက်ကိုင်မိသည်။ အဲ့ဒီမှာ သူနဲ့စပြီး မျက်လုံးချင်း ဆုံမိသည်။ သူဆိုသည်မှာ တခြားမဟုတ်။ စာရေးဆရာ ”မင်းသေ့"...