▄ ကိုဗစ် မှသည် ငဗစ် ဆီသို့

(လူထုသို့ မေတ္တာရပ်ခံချက်)(အကြောင်း အကျိုး ရှင်းလင်းချက်)(အန္တရာယ်အကြားမှ စိုးရိမ်ချက်) ခြေဆင်း လက်ဝဲဝါဒီတို့၏ အသုံးအနှုန်းအရ၊ အခြေခံလူတန်းစားဆင်းရဲသားကို… ကျောမွဲ၊ နင်းပြားလို့ သုံးနှုန်းခေါ်ဝေါ် ကြပါတယ်။ ကျောမွဲဟာ လှပါသလား။ နင်းပြားဟာ တွင်းဆုံးကျပြီလား။အခက်အခဲ အကျပ်အတည်းကာလတွေမှာ၊ နူရာဝဲစွဲ လဲရာ သူခိုးထောင်း အဖြစ်တွေဟာ ဆင့်ကာ ဆင့်ကာဖြစ် လာတတ်ပါတယ်။ သူဌေးသင်္ဘောမှောက်တာက အကျပ်အတည်းဖြစ်သလို၊ သူတောင်းစား ခွက်ပျောက်တာက လည်း...

တည်နေရာ ရန်ကုန် ငပိရည် အက်ဆေး

ဗမာတွေဟာ အပုပ်အစပ်ကြိုက်တတ်သော သတ္တဝါပေလား မသိ။ ငပိနှင့် ငံပြာရည်ကို အတော်စားသည်။ အငံ လည်း အစားများသည်။ သီချင်းတွေကတောင် စပ်ဆိုသေးသည်။ ‘မြန်မာဆိုရင် ငပိကို မမေ့နဲ့…. စာပေမှာ ဗျည်းနဲ့သရ….တို့’ ။ ကျနော်ငယ်ငယ်တုန်းက ကြားခဲ့ဖူးသော သီချင်းဖြစ်သည်။ တွံတေးသိန်းတန် ဆိုတာဖြစ် သည်။ စပ်ဆိုသော တေးရေးဆရာကပဲ ဗမာ့ငပိကို တင်စားချင်လို့များလား မသိ။ ဗမာတွေ...

@ တည်နေရာ ရန်ကုန် ကန်စွန်းရွက် အက်ဆေး

“ကန်စွန်းရွက် တစ်စီးဘယ်လောက်လဲဗျ….” “တစ်စီး ၄၀၀…” “ဗျာ… တစ်စီး ၄၀၀ ….” “အမလေးဗျာ….” အရွက်က ခပ်ဖားဖား။ အရိုးက တုတ်တုတ်။ အနွယ်က ရှည်ရှည်မျောမျော။ စိမ်းစိမ်းဖန့်ဖန့်။ ရိုးတံပွပွ။ ကန်စွန်းရွက်အမျိုးအစား တော်တော်များများ ရှိပါသည်။ သုံးလေး ငါးမျိုးလောက် ရှိပါသည်။ သို့သော် ရန်ကုန်မှာ အတွေ့ရများသည်ကတော့ ၊ နှစ်မျိုးသုံးမျိုးလောက်သာ။ ကန်စွန်းရွက်စားပါးဝသော ရန်ကုန်သူ/...

@ တည်နေရာ ရန်ကုန် မုန့်ဟင်းခါး အက်ဆေး

အများက ခေါ်ကြတာကတော့ ၊ မုန့်ဟင်းခါး။ တချို့ကတော့ မုန့်ဟင်းငါး….။ မုန့်ဟင်းခါးသည် မခါးပါ။ ချိုပါသည်။ ကလေးရော လူကြီးရော ကြိုက်ကြသည်။ မုန့်ဟင်းခါးသည် လူတန်းစားခွဲခြားမှု မရှိပါ။ KFC သည် လူတန်းစား ခွဲခြားမှု ရှိသည်။ ရန်ကုန်၌၊ KFC ဆိုင်များ နေရာတော်တော်များများတွင် ရှိသည်။ သို့သော် မုန့်ဟင်းခါး ဆိုင်များလောက်တော့ မပေါပါ။ မုန့်ဟင်းခါးဆိုင်...

တည်နေရာ ရန်ကုန်

“ဘဝဟာ ဘက်စ်ကားစီးသလိုပါပဲလား…” ဘားလမ်းတစ်လျှောက် ထီးကောက်ကို လက်မှာကိုင်ရင်း မှတ်တိုင်ရှိရာကိုလာခဲ့သည်။ မိုးကတော့ မအုံ့တအုံ့။ ဘယ်အချိန် ရွာမယ်မှန်း မသိခြင်းများစွားနှင့် အခြေအနေ။ တခါတရံ ကတ္တရာလမ်းမပေါ် ခေါင်းငိုက်ငိုက် လျှောက်မိသည်။ ဘေးဘီဝဲယာကို ကြည့်သည်။ မုန့်ဟင်းခါးဆိုင်လည်း ရှိသည်။ တန်းစီရပ်ထားသော ကားများ ရှိသည်။ ရှေ့က လာနေသော ကားတစ်စီးတွေ့ရသလို၊ နောက်မှ ဟွန်းသံပေးနေသော ကားများလည်း ရှိသည်။...