▄ စာပေလွတ်လပ်ခွင့်

မြန်မာပြည်မှာ၊ စာပေလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့် ဆိုတဲ့ကိစ္စတွေကို ပေါင်းပြီး ကြည့်လို့ရပါတယ်။ တစ်ဖက်မှာလည်း ခွဲခြားကြည့်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့၊ နိုင်ငံရေးနဲ့ လူ့အဖွဲ့ အစည်းကိစ္စဟာ သိမ်မွေ့တယ်။ ရှုပ်ထွေးတယ်။ အကျိုးစီးပွားတွေဟာ ခြေချင်းလိမ်နေလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် သကာတွေ အောက်မှာ၊ အဆိပ်တွေ ပါမလာစေဖို့၊ တော်တော်များများကို သရုပ်ခွဲ စိစစ်နိုင်မှ တော်ကာကျလိမ့်မယ်လို့ ယူဆပါတယ်။ ထားတော့။...

▄ စာပေဈာန်သမာပတ်

စာရေးတတ်ခြင်းဟာ လွယ်သလိုလိုနဲ့ ခက်တယ်။ ခက်သလိုလိုနဲ့ လွယ်တယ်။ စာကို ဦးနှောက်ကနေ ရေးဖို့က လွယ်တယ်။ စိတ်ကနေ အလိုလို ရေးနေဖို့ကတော့ခက်တယ်။ လက်ကနေ အလိုလိုရေးနေဖို့ဆိုတာလည်း ခက်တယ်။ စိတ်ကနေ အလိုလိုရေးနေဖို့အတွက်၊ အရေးအကြီးဆုံးကတော့ ဈာန်ဖြစ်ပါတယ်။ ဈာန်ဝင်စားမှုဖြစ် ပါတယ်။ mood လို့ ပြောရင်လည်း ရနိုင်မယ်ထင်တယ်။ ဈာန်ဝင်စားမှုမရှိဘဲနဲ့ စာရေးတဲ့အခါ၊ ဖတ်ရတဲ့စာက တစ်ခုခုလိုနေသလိုလိုဖြစ်တယ်။ သွက်မနေဘူး။...

◾ ကလောင်၏ ဩဇာ

စာရေးခြင်းမှာ၊ ရသမပါတဲ့စာအမျိုးအစားကို ရေးတယ်ဆိုရင်တောင်၊ အနုပညာတော့ ထည့်ရတာပဲ။ အဲသည်လို အနုပညာဆိုတာလည်း တမင်တကာ ထည့်ရတာမျိုး မဟုတ်ဘူး။ သိသိသာသာကြီးထည့်ရတာမျိုး မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဈာန်ဝင်စားမှုကို နက်နဲစူးနစ်အောင် လုပ်ရတာမျိုးဖြစ်တယ်။ ထပ်ပြီးရှင်းအောင် ပြောရရင် စိတ်ကို နှစ်ပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးတာ၊ အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးတာ၊ လုပ်အားကို သေချာထည့်ပြီး တည်ဆောက်ယူတာ။ ဒီလိုလုပ်တာ စွဲမြဲလာရင် ကိုယ်ရေးတဲ့စာဟာ...

စာရေးဆရာနှင့် ခံစားမှု

အနုပညာဆိုတာ၊ ဝေဒနာ အားလုံးရဲ့ အစုအပေါင်း။ စာရေးဆရာတွေက၊ အနုပညာကို ချစ်တယ်။ အနုပညာကို သူတို့က ပစ္စည်းတစ်ခုလို မမြင်။ နုခြင်း၊ လှခြင်းကို ပညာနဲ့ ခြယ်မှုန်းခြင်းလို့ ယူတယ်။ လူတွေထဲမှာ အနုတွေ ရှိတယ်။ သဘာဝထဲမှာ အလှတွေ ရှိတယ်။ စာရေး ဆရာတို့က၊ လူတွေထဲကနေ အလှတွေကို နှိုက်ထုတ်ဖို့ ကြိုးစားတယ်။ သဘာဝထဲကနေ၊ အလှကို...