တတ်ယောင်ကား ဘွဲ့ရ ပညာမတတ်

တော်ဖလာ ပြောခဲ့ဖူးသော မှတ်ချက်တစ်ခုရှိသည်။ “ကမ္ဘာကြီးကို ပြောင်းလဲတာ၊ အရင်းရှင်လည်း မဟုတ်ဘူး။ ကွန်မြူနစ်လည်း မဟုတ်ဘူး၊ ကမ္ဘာကြီးကို ပြောင်းတာ ပညာတတ်တွေပဲ…” ဟု ပြောခဲ့ဖူးသည်။ တော်ဖလာ သည် အမေရိကန်ဂျာနယ်လစ်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။ လူမှုဗေဒပညာရှင် တစ်ယောက်ဖြစ်သည်။ သူရေး သားခဲ့သော ‘အနာဂတ်သွေးလန့်မှု’ စာအုပ်သည် နာမည်ကျော်သည်။ အိုင်ဒီယော်လိုဂျီတိုက်ပွဲပြင်းထန်နေသော စစ်အေးကာလတွင်၊ ထိုစကားကို ပြောခဲ့ခြင်းဖြစ်သည်။ လူ့သမိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု...