ယုံကြည်စိတ်ချရမှု

ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တဲ့သူ အတော်များများကို တွေ့ဖူးမပေါ့။ ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ထက်မြက် ထက်မြက်ပါစေ။ ဒီလူတစ်ယောက်ဟာ မယုံရဘူး၊ စိတ်မချရဘူးဆိုရင် ဘယ်လို တာဝန်မျိုးကို ပေးရဲတော့မလဲ။ ခရီးတစ်ခုကို သွားသည် ဖြစ်စေ။ အလုပ်တစ်ခုကို လုပ် ဖို့ ဖြစ်စေ။ ဒီလူဟာ မယုံရဘူးဆိုရင် ဘယ်လို ဖြစ်ပါတော့မလဲ။ ကိုယ်နဲ့ တစ်ဖွဲ့တည်း၊ တစ်အုပ်စုတည်းမှာ ကြုံဖူးကြမပေါ့။...