◾ စာစုံဖတ်

စာရေးမယ့်သူဟာ စာစုံဖတ်ဖို့ လိုတယ်။ အမြင်မတူတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရှာဖတ်ဖို့ လိုတယ်။ စာရေးမယ့်သူဟာ တစ်ဖက်ဖက်မှာ အကြောင်းအရာအားဖြင့်၊ အထူးပြုထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း စုံစုံလင်လင် တို့ထိထားဖို့ လိုတယ်။ အထူးပြုအသိနဲ့ ယေဘုယျအသိကို ကြားချ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ အတွေးထောင့်တွေဟာ တစ်ဖက်တည်းက စီးဆင်းနေရင် စာတွေက မကောင်း တတ်ဘူး။ အထွေထွေစာဖတ်ပရိတ်သတ်ကိုလည်း ဆွဲဆောင် ညှို့ငင်နိုင်ဖို့...

◾ ဖတ်ခြင်း

ဖတ်သူက စာကို ဖတ်တဲ့နေရာမှာ၊ အခြေခံ (၂) မျိုးခွဲခြားကြည့်နိုင်တယ်။ ၁) စာကို ဖတ်တာ၂) ကလောင်ကို ဖတ်တာ ◾ စာကို ဖတ်တာ စာကိုဖတ်တယ်ဆိုတာ၊ စာကိုပဲကြည့်တယ်။ ကလောင်ကို မကြည့်ဘူး။ ကလောင်က ဘယ်လိုကလောင်ပဲဖြစ် ဖြစ်၊ ဘယ်လိုလူကပဲ ရေးရေး။ ကလောင်ကို စိတ်မဝင်စားဘူး။ ကလောင်ကို အာရုံမပြုဘူး။ စာကိုသာ အာရုံပြု တယ်။...

စာတောထဲ မျက်စိလည်ကြပါစေ…

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလမှာပဲ ကျနော် စာဖတ်ခြင်းဓလေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ကျနော့် ဆယ်ကျော်သက်ဘဝကို ကျနော် အမှတ်ရနေမိတယ်။ ကျနော် ကိုယ်တိုင် စာဖတ်ခြင်းအလေ့ကို စွဲစွဲမြဲ မြဲဖြစ်လာတော့၊ စာနဲ့ပတ်သက်ပြီး “ဆရာ” ရှာခဲ့တယ်။ အထူးသဖြင့်ကတော့ ကျနော့် စာဖတ်ခြင်းအလေ့ကို ပိုပြီး ခိုင်မာအားကောင်းအောင် လမ်းညွှန်နိုင်မယ့် “mentor” တစ်ယောက်ယောက်လိုချင်ခဲ့တယ်။ ကံအကြောင်း မသင့်လို့ ကျနော့်မှာ...

စာဖတ်သမားသို့ / စာအုပ်မိတ်ဆက်ပွဲ မှတ်တမ်းဓာတ်ပုံများ

စိတ်ဝင်တစား နားထောင်နေကြသူတွေ စာအုပ်ပွဲ မစမီ စာဖတ်သူအတွက် လက်မှတ်ထိုးပေးနေပုံ လက်မှတ်ထိုးပေးရင်း ဒေါက်တာဆန်းထွန်းက ဟာသနှောလိုက်စဉ် မိတ်ဆွေကြီး စိန့်ဇာနည်လင်းနှင့်..... ဆရာကျော်ဝင်း အမှတ်တရ မှတ်ချက်စကား ရဲလွင်မိုး ၊ မင်းသေ့ ၊ စိန့်ဇာနည်လင်း ဆရာကျော်ဝင်း ၊ ပါမောက္ခဒေါက်တာဆန်းထွန်း (စာရေးဆရာ ဆန်းထွန်းသောင်) ၊ မင်းသေ့ ၊ ကိုပြည့်ဖြိုးမောင် မင်းသေ့ နဲ့...

စာဖတ်သမားသို့ အမှာစာ

ကလောင်သွားထက်ထက် လူငယ်စာရေးဆရာ တစ်ယောက်ရှိသည်။ ဆရာက မန္တလေးသား။ ဆရာ့အမည်ရင်းက အောင်ကိုကိုတိုး။ ဆရာ့ ကလောင် အမည်က ”မင်းသေ့” ဆရာမင်းသေ့ကို စသိတာကတော့ ”နိုင်ငံရေးဖတ်စာများ” စာအုပ်မှ ဖြစ်သည်။ တစ်ရက်၌ စာအုပ်ဆိုင် ရောက်တော့”နိုင်ငံရေးဖတ်စာများ” ဟူသော စာအုပ်ကို ကောက်ကိုင်မိသည်။ အဲ့ဒီမှာ သူနဲ့စပြီး မျက်လုံးချင်း ဆုံမိသည်။ သူဆိုသည်မှာ တခြားမဟုတ်။ စာရေးဆရာ ”မင်းသေ့"...

သင့်နော်အမှာစာ

လူများ အမူအကျင့်များ အယူအဆများနှင့် ချဉ်းကပ်ခံယူမှုများ သင့်နော် သမိုင်းကြောင်းတစ်လျောက် ပါဝင် စီးမျောခဲ့ကြ သည့် ကိစ္စပေါင်း အသင်္ချေ အနန္တရှိသည့်အနက် လူ့ယဉ်ကျေးမှု ဖြစ်ထွန်းပြီးပါမှ သမိုင်းတင်ခဲ့ကြရ သည် ဖြစ်၏။ စကြဝဠာ၏ သမိုင်း။ နေစကြာဝဠာ၏သမိုင်း။ ကမ္ဘာမြေကြီး၏သမိုင်း။ ပြီးမှ လူ့သမိုင်း။ လေးဘက်တွား ဘဝမှ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်နိုင်သည်အထိ ဆင့်ကဲဖြစ်စဉ်၏ အံ့မခန်းထွန်းကားမှုများမှ တဆင့်...

ဒေါက်တာဇော်စိုး အမှာစာ

စာဖတ်သမားသို့ / စာအုပ်အတွက် ၊ ဆရာ ဒေါက်တာဇော်စိုး၏ စာရေးသူအတွက် အမှာစာ။ မင်းသေ့ ……. နာမည်အရင်းက အောင်ကိုကိုတိုး …. စာရေးဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်သူ…. စာရေးခြင်းအလုပ်ကို တပ်မက်သူ ….. စာပေလောကမှာ နေရာတစ်နေရာဆုတ်ကိုင် ပိုင်ဆိုင်ထားသူ ……. ပြီးတော့ ….. ထူးပြီးမိတ်ဆက်ပေးစရာမလိုသူ …….။ လွန်ခဲ့သောငါးနှစ်က… မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနက...