▄ ရိုးတဲ့သူ ဖြောင့်တဲ့သူ

• ကွန်ဖြူးရှပ်ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ စာရိတ္တကောင်းတဲ့သူဟာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပညာရှိတဲ့သူက တွေဝေခြင်းကင်းတယ်။ ရဲရင့်တဲ့သူက ကြောက်ရွံ့ခြင်းကင်းတယ်တဲ့။ စကားလုံးအတွဲ အစပ်ကလေးက သိပ်လှတာပဲ။ • စာရိတ္တဆိုတာ တနည်းအားဖြင့် ကိုယ်ကျင့်။ ကိုယ်ကျင့်တရား။ ကိုယ်ကျင့်ထားတဲ့တရား။ ကိုယ်ကျင့်ထားတဲ့ဓမ္မ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကျင့်ထားတဲ့ ဓမ္မကို ခေါ်တာ။ ကိုယ်ကျင့်ထားတဲ့ အဓမ္မကို ခေါ်တာ မဟုတ်ဘူး။ အဓမ္မဆိုတာ မတရားတာကို...

▄ အိမ်ဖြည့်

• ကျောင်းမပြီးခင်၊ ဘွဲ့မရခင် ကတည်းက ကွန်မြူနတီအလုပ်တွေလုပ်ဖို့ ကျနော် ခြေလှမ်းစလှမ်းခဲ့တယ်။ ကျောင်းပြီးတော့လည်း နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကွန်မြူနတီအလုပ်တွေ လုပ်ရင်း တိုးဝင်ခဲ့တာ အခုဆို ရင် ၁၀ စုနှစ် တစ်ခုတောင် ပြည့်တော့မယ်။ ကွန်မြူနတီနဲ့ပတ်သက်တဲ့အလုပ်တွေဆိုတာက တစ်ဦး တစ်ယောက်တည်း လုပ်ရတဲ့အလုပ်တွေ မဟုတ်ဘူး။ အများနဲ့ စုပေါင်းပြီး လုပ်ရတဲ့အလုပ်တွေ။ နိုင်ငံရေး အလုပ်တွေကလည်း ထိုနည်းလည်းကောင်းပဲ။ ပါတီနိုင်ငံရေးလမ်းကြောင်းကို...