စာရိတ္တပြန်လည်တည့်မတ်ရေးနှင့် ဘုန်းကြီးသံဃာများ၏ အခန်းကဏ္ဍ

စာရိတ္တမဏ္ဍိုင်ပြန်လည် တည့်မတ်ရေးမှာ၊ ဘုန်းကြီးသံဃာတွေက တာဝန်ရှိတာလား၊ ဝတ္တရားရှိတာလား။ အမျိုးသားရေးမှာ ကိုယ်ကျင့်တရား အခြေခံပါ။ ခေတ်ဆိုးခေတ်ကျပ်ခေတ်ပျက်ထဲမှာ ပထမဆုံးယိုယွင်းတာက ကိုယ်ကျင့်တရားပါ။ စားဝတ်နေရေး မပြေလည်တဲ့ အခါ၊ အခြေအနေအရ ဆိုတဲ့ ဆင်ခြေကိုကိုင်ဆွဲပြီး၊ ကျူးလွန်ခဲ့ကြတဲ့ မကောင်းမှုတွေနဲ့ စာရိတ္တယိုယွင်းမှုတွေ။ ခေတ်သစ်ကို ပြန်ရောက်ခဲ့ရင်တောင်၊ ခေတ်ပျက်ထဲမှာ ပျက်ခဲ့တဲ့ ကိုယ်ကျင့်တရားတွေကို နဂိုမူလထက် ကောင်း အောင် ပြုပြင်နိုင်ဖို့ ခဲယဉ်းလှတယ်။...

◾ သာသနာ့ဝန်ဆောင်

PDF Free Download Link : http://www.mediafire.com/file/jotpfbshjhj8aiq/Buddhist_Monks_by_Min_Thayt.pdf/file?fbclid=IwAR33dTAUXpvAQVgdw36EKPOSbQlgon1UGxIt6KtK7EDt2PdpOyR1ABgagBQ ဘုန်းကြီး၊ ရဟန်းသံဃာတွေကို သာသနာ့ဝန်ဆောင်လို့ သုံးနှုန်းကြတာရှိတယ်။ ကျနော့်အနေနဲ့ကတော့၊ သာသနာ့ဝန်ဆောင်ဆိုတဲ့စကားရပ်အပြင်၊ တိုင်းပြည်ဝန်ဆောင်လို့တောင် ထပ်ပြီး သုံးနှုန်းချင်ပါတယ်။ အကြောင်းကတော့၊ တိုင်းပြည်တစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ် ကောင်းမွန်ခိုင်မာဖို့ ဆိုရင် ဆိုင်ရာဆိုင်ရာ အသိုက်အဝန်းတွေ အားကောင်းဖို့ လိုတယ်လို့ ယူဆပါတယ်။ တိုင်းပြည်မှာ၊ အစိုးရ လုပ်သူဟာ ပြည်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ...

ဗုဒ္ဓဒဿန

လူတစ်ယောက်ဟာ ဒဿနိကဘာသာရပ်ကို လေ့လာသင်ယူသင့်တယ်လို့ ကျနော်ထင်တယ်။ စနစ်တကျ လေ့လာသင်ယူမှု မလုပ်နိုင်ဘူး ဆိုရင်တောင်၊ ဒဿနိကနယ်ပယ်ကို စိတ်ဝင်စားသင့်တယ်။ ဒဿနိကလို့ ပြောရင် စာဆန်ဆန်ဖြစ်နေလိမ့်မယ်။ အတွေးအမြင် ဒါမှမဟုတ် အတွေးအခေါ်လို့ ပြောရင် လူပိုနားလည်လိမ့် မယ်။ ဆောင်းပါးတွေထဲမှာလည်း အတွေးအမြင်ဆောင်းပါး ဆိုတဲ့အမျိုးအစားရှိတယ်။ စာပေထဲမှာလည်း ဒဿနစာပေ အခန်းကဏ္ဍဟာ ကြီးကြီးမားမား ရှိနေတယ်။ ပညာရပ်ဆိုင်ရာနယ်ပယ်မှာလည်း ဒဿနိကဗေဒ ဆိုတာ...

သာသနာ့ အသက်

ဘုရားဥပဒေတော်ကြီး အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်ကြီး) “ ဝိနယော နာမ သာသနဿ အာယု ” ဝိနည်းတရားတော်သည် သာသနာတော်၏ အသက် ဟု ရဟန္တာအရှင်မြတ်တို့ မိန့်တော်မူခဲ့ဖူးသည်။ စည်းမရှိသောရွာ၊ အကွပ် မရှိသောကြမ်း ဗရမ်းဗတာ… ဆိုသည့် စကားပုံရှိသည်။ တစ်ဦးတစ်ယောက်တည်း တည်ရှိနေသော ဧကစာရီကျင့် သူတော်ကောင်းအဖို့ စည်းကမ်းတို့ မလိုအပ်။ သို့သော် ထိုသူတော်တောင်မှ၊ မိမိ...