စစ်ဘောင်ချဲ့ခြင်း နှင့် စစ်ဘုရင်တို့၏ အကျိုးစီးပွား

• မြန်မာတွေရဲ့ ပဒေသရာဇ်သမိုင်းကို ကြည့်ရင်၊ ဘုရင်တွေဟာ စစ်ကို လက်ကိုင်ပြုပြီး ဘုရင်ဖြစ်လာတာတွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့် ဘုရင်တွေဟာ သူ့ဩဇာအာဏာစက်ကျယ်ဝန်းအောင်၊ စစ်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကို ချဲ့လေ့ ရှိတယ်။ စစ်ဘောင်ကျယ်လေလေ၊ လက်နက်ကိုင်တပ်ခေါင်းဆောင်ဟာ လုပ်ပိုင်ခွင့်နဲ့ ဩဇာအာဏာစက် ကျယ်ဝန်းလေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်နဲ့ လုပ်ပိုင်ခွင့် အာဏာ / ဩဇာဟာ စစ်ခေါင်းဆောင်...

ဗမာမျိုးချစ်

ဗမာမျိုးချစ်တွေနဲ့ပတ်သက်ပြီး၊ အတန်းကျောင်း သမိုင်းဖတ်စာမှာ ကျနော်တို့ သင်ခဲ့ရဖူးပါတယ်။ ပါတော်မူပြီးစ အချိန်နောက်ပိုင်းမှာ၊ သူ့နည်းသူ့ဟန်နဲ့ တော်လှန်ပုန်ကန်ကြတဲ့ တောင်ပေါ်၊ မြေပြန့်၊ မြေလတ်ဒေသအသီးသီး က ဒေသတွင်း သူရဲကောင်းသူပုန်တွေကို အတန်းကျောင်း သမိုင်းဖတ်စာမှာ ဂုဏ်ယူအတုယူစရာဖြစ်အောင် သင်ကြားခဲ့ကြရပါတယ်။ သမိုင်းဖတ်စာတွေ အပြင်၊ မျိုးချစ်စာပေ သမိုင်းစာအုပ်တွေထဲကနေ ကျနော်တို့ နားလည်လက်ခံထားတဲ့ မျိုးချစ်တွေကို စာရင်းချရေးကြည့်ပါ့မယ်။ ပါတော်မူပြီးခေတ်နောက်ပိုင်း တော်လှန် ပုန်ကန်ကြတဲ့...

ကိုလိုနီခေတ် ဗမာ

ဗမာတစ်ပြည်လုံး ကိုလိုနီလက်အောက်ကျရောက်စဉ်အချိန်က၊ ဗမာ့စရိုက်သည် ဘယ်သို့ဘယ်ပုံရှိခဲ့ပါသလဲ။ ဒီအချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အကြောင်းကတော့၊ ကိုလိုနီစနစ် နှစ်ပေါင်းရာကျော် အသက် ရှည်ခဲ့ရခြင်းအကြောင်းတရားဟာ၊ ဗမာ့စရိုက်ဓာတ်ခံကို သိစွမ်းနိုင်မှုအပေါ် အများကြီး အမှီသဟဲပြုခဲ့ပါတယ်။ အင်္ဂလိပ်ဟာ အသိဉာဏ်မဲ့စွာ အုပ်ချုပ်ခဲ့တာ မဟုတ်။ အကင်းပါးပါးနဲ့ ပါးရည်နပ်ရည်ရှိရှိ အုပ်ချုပ်ခဲ့တာလို့ ပြောလို့ရနိုင်ပါ တယ်။ ဗမာ့စရိုက်သဘောဝနဲ့ ဓလေ့ထုံးတမ်းကို ကောင်းကောင်း မသိရှိဘဲ အခုလို နှစ်ပေါင်း...

▄ ဗမာမင်း အုပ်ချုပ်ပုံ စစ်တမ်း

Burma-Kingdom-by-Min-ThaytDownload ဗမာမင်းတွေဟာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးတာဖြစ်ခြင်းကြောင့်၊ တရားဥပဒေစည်းမျဉ်းစည်းကမ်း သတ်သတ်မှတ်မှတ်ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဗမာမင်းတွေဟာ ပြည်သူလူထုကို ရိုးရာဓလေ့ထုံးစံကို အခြေခံပြီး အုပ်ချုပ်ပါတယ်။ ရိုးရာဓလေ့ ထုံးစံဆိုတာလည်း မဖြစ်မနေ လိုက်နာရမယ့် ဥပဒေစည်းမျဉ်းလို မဟုတ်လေတော့၊ ဘုရင့်ရဲ့စိတ်သဘောတော် အတိုင်း ထင်ရာအုပ်ချုပ်တာလို့ပဲ ဆိုလို့ရ မယ်။ အဲသည့်အထဲမှာ ဘုရင်က အမြော်အမြင်ရှိလို့၊ အမြင်ကျယ်လို့၊ စိတ်ထားကောင်းမြတ်လို့...

▄ ဗမာ့အာဏာဓလေ့

ဗမာတွေဟာ အာဏာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ဘယ်လိုတိမ်းညွှတ်ချက်မျိုးတွေ ရှိနေပါသလဲ။ လူ့အဖွဲ့ အစည်းဟာ လူတစ်ဦးချင်းစီနဲ့ စုပေါင်းထားတဲ့ အသိုက်အမြုံကြီးဖြစ်ပါတယ်။ လူတစ်ဦးချင်းစိတ်ရဲ့ စိတ်နေ ဓာတ်ခံအားလုံးရဲ့ အပေါင်းအစုဟာ လူမှုဓလေ့ဖြစ်လာပါတယ်။ နိုင်ငံရေးဓလေ့ဖြစ်လာပါတယ်။ ယဉ်ကျေးမှု ဓလေ့ဖြစ်လာပါတယ်။ ဗမာတွေရဲ့ လူမှုနိုင်ငံရေးယဉ်ကျေးမှုဓလေ့တွေကို နားလည်ဖို့ လိုပါတယ်။ ခေတ်သစ် နိုင်ငံရေးလေ့လာချက်မှာ၊ ဒီအကြောင်းအရာကို အရေးတကြီး နားလည်ဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေး...

▄ ပါတော်မူ စစ်တမ်း

The-Last-King-of-Burma-by-Min-ThaytDownload သမိုင်းဖြစ်ရပ်များကို၊ စစ်ထုတ်လေ့ကျက်ခြင်းသည် ပစ္စုပ္ပန်တိုင်းပြည် ပြုပြင်ရေးနှင့် အနာဂတ်တိုင်းပြည်တည် ဆောက်ရေးအတွက် ကျေးဇူးပြုလိမ့်မည်ဟု ယုံကြည်ပါသည်။ ပါတော်မူ ဇာတ်ကြောင်းကို၊ သမိုင်းစာအုပ် အထွေထွေက ပုံနှိပ်မှတ်တမ်းပြုခဲ့ပြီးဖြစ်သည်။ ရာဇဝင်မှတ်တမ်းတွင်လည်း အထင်ကရဖြစ်သလို၊ လူ့အဖွဲ့ အစည်း၏ အမှတ်သညှာထဲ၌ ကိန်းဝပ်နေပြီးသော အကြောင်းဖြစ်ရပ်ဖြစ်ဖြစ်ပါသည်။ သမိုင်းဖြစ်ရပ် • မြန်မာသက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်• ခရစ်သက္ကရာဇ်...

ဗမာ ၊ ဗမာ ဘုရင့် အာဏာ / သာသနာ

အနော်ရထာက စတင်ခဲ့တဲ့ ဗမာသမိုင်းဟာ နှစ်ပေါင်းများစွာ အတည်အတံ့ရှိခဲ့ပြီ။ ဂုဏ်ရောင်တွေ ထွန်းပြောင်ခဲ့ သလို၊ ဂုဏ်ရောင်တွေလည်း ညှိုးမှိန်ခဲ့ပြီးပြီ။ သမိုင်းဟာ အစဉ်အတိုင်း လည်သလို၊ တစ်ပတ်လည်သလို၊ ဆူကြုံ မြင့်တုံ ရှိခဲ့ပြီးပြီ။ ဗမာ / မြန်မာ အသုံးအနှုန်းတွေအပေါ် စကားလုံး တစ္ဆေခြောက် မခံချင်ပါဘူး။ စစ်တွေ တိုက်ခဲ့ တယ်။ အင်ပါယာတွေ ချဲ့ခဲ့တယ်။ လူသတ်ပွဲတွေ...