ကျနော်

ကျနော့်ဘဝမှာသင်ယူနိုင်ခဲ့တဲ့ အရာ (၄) ခုရှိခဲ့တယ်။ • ဉာဏ်ပညာကို ချစ်မြတ်နိုးဖို့ • လူတွေကိုတန်ဖိုးထားဖို့၊ • အမှားတွေကို မကြောက်တတ်ဖို့၊ • ငွေကို သုံးတတ်ဖို့ ဆိုတဲ့ သင်ယူမှု (၄)ခုဖြစ်ပါတယ်။ လူငယ်ဘဝမှာတင် ဒီလေးခုကို သင်ယူနိုင်ခဲ့လို့၊ ကျနော်ကံကောင်းတယ်လို့ ကျနော်ထင်တယ်။ ဉာဏ်ပညာကို တကယ်မချစ်ခဲ့ရင် ကျနော်ဟာ လူပိန်းလူအ လူန လူနုံ လူဖျင်း...

သင်ကြားရေးအလုပ်

သင်ကြားရေးအလုပ် ၊ ကျောင်းဆရာ အလုပ်ကို လုပ်နေတဲ့ သူတွေကို ရည်ရွယ်ပြီး ရေးသားပါတယ်။ မြန်မာပြည် ပညာရေးစနစ်ဟာ ၊ ဆင်ခြင်တုံတရားကို ဦးစားပေးတဲ့ ၊ ဝေဖန်ဆန်းစစ် ပိုင်းခြားစဉ်းစားခြင်းကို အားပေးတဲ့ ပညာရေးစနစ်ဖြစ်ဖို့ ရည်ရွယ်ပါတယ်။ သင်ကြားရေးအလုပ်ကို လုပ်နေတဲ့ ကျောင်းဆရာတွေ ကိုယ်တိုင် ဖွင့်ထားသောစိတ်နဲ့ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအတွက် အားထုတ်နိုင်ကြပါစေ။ မင်းသေ့ သင်ကြားရေးအလုပ်ကို ကျနော်...

ကျေးလက်တောရွာက ဆရာ ဆရာမတွေ…

ပညာရေးဟာ နိုင်ငံ့ရဲ့ အနာဂတ်ကို ပြဌာန်းပါတယ်။ အခြေခံကျောင်းတွေဟာ ကလေးသူငယ်တွေရဲ့ ဘဝ အခြေခံ အုတ်မြစ်ကို တည်ဆောက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံကျောင်းတွေရဲ့ အဓိက မောင်း နှင်အားဖြစ်တဲ့ ဆရာ ဆရာမတွေရဲ့ လုပ်ငန်းခွင်ဘဝ၊ ဘဝရပ်တည်မှု၊ စိတ်လုံခြုံမှုအခြေအနေ၊ လူနေမှု အဆင့် အတန်း ဆိုတာတွေက အလွန် အရေးကြီးပါတယ်။ အလွန်အရေးပါပါတယ်။ ကျေးလက်က ဆရာဆရာမတွေ...

စာသင်ခန်း ဆိုတာ……

• စာသင်ခန်းဟာ ဝါဒဖြန့်ချိရေးအခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ တရားသေဝါဒကို အုတ်မြစ်ချပေးတဲ့နေရာ မဟုတ်ဘူး။ • စာသင်ခန်းဟာ ငါတကောကောသူရဲ့ အင်ပါယာ မဟုတ်ဘူး။ • စာသင်ခန်း ဟာ ပြဌာန်းစာအုပ်မှာ တင် လမ်းဆုံးနေတဲ့ ဘူတာ မဟုတ်ဘူး။ • စာသင်ခန်းဟာ အဖြေတစ်ခုတည်းအတွက် သီးသန့်အခန်း မဟုတ်ဘူး။ • စာသင်ခန်းဟာ အာဂုံရွတ်ဆိုတဲ့...

ကျောင်းဆရာ ဘဝ

(နှလုံးသွင်းတရားများ) ကျွန်တော့် အလုပ် ၃ လုပ်ရှိသည်။ • စာဖတ်တာ • စာသင်တာ နဲ့ • စာရေးတာ… ကျွန်တော့် စာသင်သက် ၄ နှစ် ထဲရောက်လာပြီ။ တစ်သက်လုံး ကျောင်းစာတွေ သင်ခဲ့သည့် ဆရာများနှင့် နှိုင်းယှဉ်လျှင်၊ ကျွန်တော့် စာသင်သက်က တကယ်တော့ ဘာမှ မဟုတ်။ ဝါ နုလွန်းလှသည်။ အမှန်တကယ်မှာ၊...